အဆင်ပြေချောမွေ့အောင် ဒီဇိုင်းပြုလုပ်ပေးထားပြီး မှင်ဖြည့်ကန်စနစ်ပါဝင်တဲ့ A3 ပုံနှိပ်စက်
ကုန်ကျစရိတ်သက်သာခြင်း၊ ကောင်းမွန်တဲ့ အရည်အသွေး
ကုန်ကျစရိတ်ချွေတာနိုင်ခြင်း
ကျွန်တော်တို့ Brother ရဲ့ ultra high-yield မှင်ဗူးနှင့် ချွေတာပြီး မျက်နှာပြင်နှစ်ဖက်ကို အလိုအလျောက်ပုံနှိပ်ပါ။
အနက်ရောင် တစ်မျိုးတည်းနဲ့ ပုံနှိပ်မယ်ဆိုရင် စာရွက်ရေ ၆၅၀၀အထိ၊ ရောင်စုံပုံနှိပ်လျှင် စာရွက်ရေ ၅၀၀၀ အထိပုံနှိပ်နိုင်တဲ့အတွက် ၅၀ ရာခိုင်နှုန်း ကုန်ကျစရိတ်သက်သာစေပါတယ်။
မှင်ဖြည့်ရလွယ်ကူခြင်း
Brother ရဲ့ မှင်ဖြည့်ကန်စနစ်က မြန်မြန်နှင့် ကယိကထများပဲ မှင်ဖြည့်နိုင်ပြီး သင့်ပုံနှိပ်စက်ရဲ့ မှင်အမှတ်ကို အလွယ်တကူကြည့်ရှုနိုင်ပါတယ်။
ပုံနှိပ်အရည်အသွေး
သင့်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေကို ပုံနှိပ်အရည်အသွေး 1200x4800 dpi ရှိတဲ့ အရည်အသွေးမြင့် သာလွန်ကောင်းမွန်တဲ့ အရောင်တွေနဲ့ဖော်ပြလိုက်ပါ။
အကြီးစား ပုံနှိပ်ရန်ရွေးချယ်မှု
အကြီးစား ပုံနှိပ်ရန်ရွေးချယ်မှု
အကြီးကြီးတွေတွေးပြီး အကြီးစားတွေ ပုံနှိပ်ပေးမယ့် A3 အရွယ်အစားထိ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။
အချိန်ကုန်သက်သာစေခြင်း
မြန်ဆန်တဲ့ ပုံနှိပ်အမြန်နှုန်းနှင့် ထုတ်လုပ်နိုင်စွမ်းတွေကြောင့် သင့်လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်လုပ်နိုင်ပါတယ်။
၁ မိနစ်မှာ ဓာတ်ပုံ 22/20 ထုတ်ပေးနိုင်ပါတယ်။ [၁ မိနစ်မှာ 35/27 စာရွက်ထုတ်ပေးနိုင်ခြင်း (အမြန်စနစ်) နှင့် 5.5/6 စက္ကန့်ရှိတဲ့ ထုတ်လုပ်နိုင်စွမ်း]
သက်တောင့်သက်သာနှင့် စာရွက်ထိန်းသိမ်းနိုင်ခြင်း
သင်ပုံနှိပ်တဲ့အခါတိုင်း လိုအပ်တဲ့ စာရွက်အရွယ်အစား နှင့် အမျိုးအစားမျိုးစုံတို့ကို စက်တစ်လုံးတည်းမှာ စာရွက်မျိုးစုံထည့်ထားနိုင်ပါတယ်။
စံသတ်မှတ်ထားတဲ့ စာရွက်ရေ ၂၅၀ ထည့်ထားနိုင်တဲ့ အံခွက်၊ စာရွက်အမျိုးအစားမျိုးစုံ ၁၀၀ ထည့်ထားနိုင်တဲ့အံခွက်
ချိတ်ဆက်ရလွယ်ကူခြင်း
ကြိုးမဲ့ရော ကြိုးနှင့်ပါ ချိတ်ဆက်နိုင်ခြင်း
အိမ်နှင့် ရုံးမှာ တစ်ဦးထပ်ပိုပြီး ပုံနှိပ်တဲ့အခါ အဆင်ပြေစေဖို့ ကြိုးမဲ့ရော ကြိုးနှင့်ပါ နှစ်မျိုးလုံးချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။
ပုံနှိပ်ခြင်း
သင့် Brother စက်တွေကိုအသုံးပြုပြီး ဖုန်းကနေ ပုံနှိပ်ခြင်း နှင့် ပုံရိပ်ဖတ်ခြင်းတွေကို စိတ်တိုင်းကျပြုလုပ်ပြီး ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကို တိုက်ရိုက် ရယူလိုက်ပါ။
Brother Cloud အက်ပလီကေးရှင်း၊ Brother Webconnect
USB မှတစ်ဆင့် တိုက်ရိုက် ပုံနှိပ်ခြင်း
အရှေ့ဘက်ခြမ်းမှာပါတဲ့ port က USB flash drive မှတစ်ဆင့် ပုံနှိပ်ဖို့အတွက် အဆင်ပြေမှာပါ။
အသုံးပြုရလွယ်ကူပြီး လုံခြုံစိတ်ရခြင်း
အလိုလိုသိသောစနစ်
ပုံနှိပ်စက်ပေါ်က သတိပေးမှုတွေ နှင့် မှင်အခြေအနေတွေကို စစ်ဆေးပြီး ပုံနှိပ်စက်ပေါ်က ပြဿနာအရပ်ရပ်ကို အလျှင်အမြန်ဖြေရှင်းနိုင်ပါတယ်။
ထိလို့ရတဲ့ ၂.၇ လက်မ ရှိတဲ့ ကျယ်ပြန့်တဲ့ LCD မျက်နှာပြင်
အိုင်တီ လုံခြုံရေး အတွက် ပေါင်းစပ် ပါဝင်သော အစိတ်အပိုင်းများ
ပုံနှိပ်စက်ကို အသုံးပြုဖို့ နှင့် အသုံးပြုသူ စစ်မှန်ကြောင်းတို့ကို ဗဟိုစီမံခန့်ခွဲမှုစနစ်မှတစ်ဆင့် အသုံးပြုနေတဲ့ ညွှန်ကြားချက်တွေ နှင့် အသုံးပြုသူ စစ်မှန်ကြောင်းတို့ကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပါတယ်။
တရားမဝင်အသုံးပြုမှုများကို ကန့်သတ်ခြင်း
အဖွဲ့အစည်းကြီးတွေ ဒါမှမဟုတ် တစ်ဦးချင်းစီ အသုံးပြုမှုတွေကို အဆင့်မြင့်မြင့် ထိန်းချုပ်ဖို့ လုံခြုံစိတ်ချရတဲ့ function lock ပေး ပြီး အုပ်ချုပ်သူကနေ ခွင့်ပြုပေးခြင်းဖြင့် ပုံနှိပ်လုပ်ဆောင်ချက်တွေကို ကန့်သတ်နိုင်ပါတယ်။
ကိုးကားချက်။ ။ပုံနှိပ်နိုင်အားသည် စမ်းသပ်ပုံစံ ISO/IEC 24711 သုံးသော Brother မူပိုင်နည်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။ ပုံနှိပ်နိုင်အားသည် ISO/IEC 24711 အပေါ် အခြေခံထားခြင်း မဟုတ်ပါ။
^ISO/IEC 24734 အခြေခံထားသည်။
^^^ ISO/IEC 17629 အခြေခံထားသည်။