ဤဝက်ဆိုဒ်အား ကြည့်ရှုခြင်း သို့မဟုတ် အသုံးပြုခြင်း၊ လိုအပ်သည့် ဆော့ဝဲလ် သို့မဟုတ် အသုံးလိုအပ်သည်များကို ဒေါင်းလော့ဆွဲရယူခြင်းသည် မူပါဒနှင့် အချက်အလက်များကို သင်သည် လိုက်နာရန် သဘောတူကြောင်းယူဆသည်။ ဤမူဝါဒများနှင့် အချက်အလက်များကို လိုက်နာရန် သဘောမတူလိုပါက ကျေးဇူးပြုပြီး ယခုဝက်ဆိုဒ်မှ ထွက်ခွာပေးပါ။

ကျွန်ုပ်တို့သည် မူဝါဒများနှင့် အချက်အလက်များအား ပြင်ဆင်ရန် လိုအပ်သည်ဟုယူဆပါက ဒီ website တွင် ပို့စ်များတင်ပြီး ပြန်လည်ပြင်ဆင်ခွင့်ရှိသည်။ သို့ဖြစ်ပါ၍ သင်သည် မူဝါဒများနှင့် အချက်အလက်များကို အချိန်နှင့်အမျှ ပြန်လည်သုံးသပ်သင့်ပါသည်။

အသုံးပြုမှု မူဝါဒ

သင့်အား ဝက်ဆိုဒ်သို့ ဝင်ရောက်ရန်၊ ကြည့်ရှုရန် နှင့် ဝက်ဆိုဒ်စာမျက်နှာများအား သင့်လက်ဝယ်တွင်သာ ထိန်းသိမ်းထားရန် သို့မဟုတ် ထုတ်ကုန်များ၏ စာစောင်များ၊ အသုံးပြုသူ လမ်းညွှန် နှင့် ဒီဝက်ဆိုဒ်မှ ရရှိနိုင်သည့် ဆော့ဝဲလ်များကို စီးပွားဖြစ်မဟုတ်ပဲ သင်ကိုယ်တိုင်တစ်ဦးတစ်ယောက်တည်းအတွက် သင့်ကွန်ပျူတာတစ်လုံးတွင်သာအသုံးပြုခွင့်ကို တရားဝင်ခွင့်ပြုထားသည်။ ဤဝက်ဆိုဒ်မှ ရရှိနိုင်သည့် မည်သည့်ပစ္စည်းကိုမဆို မိတ္တူကူးပွားခြင်း၊ ထုတ်ဝေခြင်း၊ ပြင်ဆင်မွမ်းမံခြင်း သို့မဟုတ် အခြားတနည်းနည်းဖြင့် ဝက်ဆိုဒ်မှ မည်သည့်ပစ္စည်းကိုမှ ပြန်လည်ရောင်းချခြင်း မလုပ်ရပါ။ မူပိုင်ခွင့်များ၊ ထုတ်ကုန်များ၏ အချက်အလက်များ သို့မဟုတ် ကုန်ပစ္စည်းများနှင့်အတူပါရှိသည့် သတိပေးချက်များ၊ ထုတ်ကုန် စာစောင်များ၊ အသုံးပြုသူ လမ်းညွှန်များ နှင့် ဆော့ဝဲလ်များကို မူလပကတိအတိုင်း ထားရှိရမည်။ မည်သည့် ပစ္စည်း၊ ထုတ်ကုန် စာစောင်၊ အသုံးပြုသူ လမ်းညွှန် သို့မဟုတ် အခြားမည်သည့်ဆော့ဝဲလ်အမျိုးအစားမဆို အထက်တွင်ဖော်ပြထားသည့်အတိုင်း အသုံးပြုမှုမှအပ အခြားအသုံးပြုမှုပုံစံများအား တင်းကြပ်စွာတားမြစ်ထားသည်။

ဒီဝက်ဆိုဒ်မှ ရရှိနိုင်သည့် ဆော့ဝဲလ်တိုင်းသည် ဒေါင်းလော့လုပ်ပြီး install ပြုလုပ်သုံးရန်အတွက် ကြိုတင်ပြီး သဘောတူလက်ခံထားရန် လိုအပ်သည့် အသုံးပြုသူ သဘောတူညီချက်လိုင်စင်မူဝါဒများဖြင့် ထိန်းချုပ်ထားသည်။

အချက်အလက်မူဝါဒ

ဝက်ဆိုဒ်၏အချက်အလက်မူဝါဒ၏ မူဝါဒနှင့် အချက်အလက်များသက်ရောက်မှုရှိပြီး အောက်ဖော်ပြပါ လင့်တွင် ရရှိနိုင်ပါသည်။:
https://www.brother.com/privacy/device/index.htm

မသက်ဆိုင်ကြောင်းရှင်းလင်းချက်

ပစ္စည်းအားလုံးနှင့် ဆော့ဝဲလ်အားလုံးသည် "ရှိသည်" "ရရှိနိုင်သည်" ဆိုသည့်အခြေအနေအောက်တွင်သာ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး မည်သည့် ပါဝင်ခြင်း၊ ထည့်သွင်းခြင်း နှင့် ဖော်ပြခြင်း ကိုမှ အာမခံချက်မပေးထားသော်လည်း ထူးခြားဖြစ်စဉ်အတွက် ရောင်းဝယ်ခြင်းအာမခံနှင့်လည်း ကန့်သတ်မထားပါ။ ဒီဝက်ဆိုဒ်တွင် ရယူနိုင်သော ဆော့ဝဲလ်များသည် အလုံးစုံကောင်းမွန်သည်၊ ပြည့်စုံသည်၊ ယခုဖြစ်သည်၊ အချိန်ကြာခံသည်၊ လုံခြုံမှုရှိသည်၊ အမှားကင်းသည်၊ ဗိုင်းရပ်စ်နှင့်တခြားထိခိုက်မှုဖြစ်စေခြင်းကင်းသည် ဟု ကျွန်ုပ်တို့ အာမခံခြင်း တာဝန်ယူခြင်းမရှိပါ။ အထက်တွင်ဖော်ပြခဲ့သော ဆော့ဝဲလ်များကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုသည့်ရလဒ်သည် အလုံးစုံကောင်းမွန်သည်၊ ပြည့်စုံသည်၊ လုံခြုံမှုရှိသည်၊ ယုံကြည်စိတ်ချရသည်ဟု ကျွန်ုပ်တို့ အာမခံခြင်း တာဝန်ယူခြင်းမရှိပါ။ ယခုဝက်ဆိုဒ်မှ ဆော့ဝဲလ်ကို အသုံးပြုခြင်း သို့မဟုတ် ဆက်စပ်သည့် အကျိုးအမြတ်ဆုံးရှုံးခြင်း၊ ကုန်ပစ္စည်းဆုံးရှုံးခြင်း စသည်တို့သည် ကျွန်ုပ်တို့တွင် တရားဝင် တာဝန်မရှိပါ။

ဉာဏပစ္စည်းပိုင်ဆိုင်မှု

ယခုဝက်ဆိုဒ်တစ်ခုလုံးမှ အချက်အလက်များနှင့် ထောက်ပံ့ပေးထားသော ဆော့ဝဲလ်များ နှင့် အရာအားလုံး ( စာအားလုံး၊ ပုံများ၊ artwork၊ အသံ၊ အညွှန်း၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ ကုန်ပစ္စည်းစာစောင်၊ အသုံးပြုနည်း နှင့် software driver များ အပါအဝင် သို့သော် ကန့်သတ်ထားခြင်းမရှိ) များသည် မူပိုင်ခွင့်ဥပဒေနှင့် ကာကွယ်ထားသည်။ ၎င်းမူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည်များကို ကူးယူခြင်း၊ ပြန်လည်ထုတ်ခြင်း၊ သိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခြင်း၊ online ပေါ်သို့တင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖြန့်ချိခြင်း စသည်တို့ကို ပိုင်ရှင်၏ခွင့်ပြုချက်ကို မရရှိထားပဲ ပြုလုပ်သူသည် မူပိုင်ခွင့်ဥပဒေအား ချိုးဖောက်သူဖြစ်သည်။

ယခုဝက်ဆိုဒ်တွင် ပါဝင်သော "BROTHER" စာလုံးနှင့် Brother လိုဂိုတို့သည် Brother ၏ ကုန်သွယ်မှု အမှတ်တံဆိပ်ဖြစ်သည်။ အထက်ဖေါ်ပြပါ ကုန်သွယ်မှု အမှတ်တံဆိပ် ခွင့်ပြုချက်မရဘဲ အသုံးပြုပါက မူပိုင်ခွင့်ဥပဒေအား ချိုးဖောက်ခြင်းဖြစ်သည်။

အခြားဝက်ဆိုဒ်များ၏ လင့်ခ်များ

ဝက်ဆိုဒ်တွင် အသုံးပြုရ လွယ်ကူစေရန် အခြားဝက်ဆိုဒ်များဖြင့်လည်း hyperlinks များဖြင့် ချိတ်ဆက်ပေးထားပြီး ထိုသို့ hyperlinks များထည့်သွင်းဖော်ပြပေးထားသော်လည်း ကျွန်တော်တို့ ဝက်ဆိုဒ်နှင့် မည်သို့မျှ ကိုယ်စားမပြုပါ။ ၎င်း hpyerlinks ချိတ်ဆက်ပေးထားသည့် တခြားပြင်ပ ဝက်ဆိုဒ်များသည် ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင်မရှိသည့်အတွက် ကျွန်တော်တို့ ဝက်ဆိုဒ်မှတဆင့် တခြားပြင်ပဝက်ဆိုဒ်များရယူအသုံးပြုမှုအတွက် ကျွန်တော်တို့မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝက်ဆိုဒ်မှတဆင့် တခြားပြင်ပ ဝက်ဆိုဒ်များရယူအသုံးပြုမှုသည် အသုံးပြုသူ၏ တာဝန်သာဖြစ်သည်။

Google Analytics ကိုအသုံးပြုခြင်း

ဤဝက်ဆိုဒ်သည် Google, Inc. ("Google:) မှ ထောက်ပံ့ပေးထားသော Google Analytics web ပေါ်အတွင် အသုံးပြုသည့် analytics လုပ်ဆောင်ချကကို အသုံးပြုထားသည်။ Google Analytics သည် အသုံးပြုသည့်ဒေတာလမ်းကြောင်းများကို စုဆောင်းပေးသည့် "cookies" ကိုအသုံးပြုသည်။ ဒေတာများကို ခွဲခြမ်းစိတ်ဖြာရန် စုဆောင်းပေးပြီး ဝက်ဆိုဒ်ကို သင်ဘယ်လိုအသုံးပြုသလဲဆိုတာ ကျွန်တော်တို့ကို နားလည်စေရန် ကူညီပေးပါတယ်။ Google မှ သင့်အချက်အလက်များကို ဘယ်လိုထိန်းချုပ်ပေးလဲ ဆိုတာ သိရအောင် ကျေးဇူးပြုပြီး ကြည့်ပေးပါ။

Cookies

ဤဝက်ဆိုဒ်တွင် ကျွန်ုပ်တို့ cookies များကိုအသုံးပြုထားသည်။ Cookie ဆိုတာက စာတွေပါဝင်တဲ့ ဖိုင်တစ်ခုဖြစ်ပြီး ဝက်ဆိုဒ်ကနေတစ်ဆင့် သင့်ကွန်ပျူတာရဲ့ hard disk ထဲသို့လွှဲပြောင်းပြေးသည့်အတွက် ဝက်ဆိုဒ် က သင့်ကိုမှတ်မိနိုင်ပါသည်။ Cookies တွေသည် ဝက်ဆိုဒ်ပေါ်တွင် သင့်ကွန်ပျူတာအသုံးပြုပြီး ဝင်ရောက်ကြည့်ရှုသည့်နေရာနှင့် ကြာချိန်ကိုသာ မှတ်ထားပေးပါတယ်။

ဤဝက်ဆိုဒ်တွင် cookies အမျိုးအစား (၂) မျိုးကိုအသုံးပြုထားသည်။ (၁) ထပ်တလဲလဲပေါ်သော cookies : ယခု cookies အမျိုးအစားသည် ဝက်ဆိုဒ်မှ သင်ထွက်ခွာတဲ့အခါ သင့်ကွန်ပျူတာထဲတွင် ဆက်လက်ရှိနေမည်။ (၂) ကာလအပိုင်းအခြား cookies : ၎င်း cookies သည် ယာယီအမျိုးအစားဖြစ်ပြီး ဝက်ဆိုဒ်မှ ထွက်ခွာသည်အထိသာ သင့်ကွန်ပျူတာပေါ်တွင် ရှိနေမှာဖြစ်ပြီး အချက်အလက်များကို ပြန်ရိုက်ထည့်စရာမလိုပဲ ဝက်ဆိုဒ်စာမျက်နှာတစ်ခုမှတစ်ခု ကူးပြောင်းသုံးနိုင်စေသည်။

သင့်ရဲ့ browser တွင် setting ကိုပြင်ဆင်ခြင်းဖြင့် cookies များကို လက်ခံမည် ဒါမှမဟုတ် လက်မခံနိုင်ဟု ရွေးချယ်နိုင်သည်။ သင်ပြင်ဆင်ရန် ဆန္ဒရှိပါက ကျေးဇူးပြုပြီး သင့် browerser မှ အညွှန်းကိုကြည့်ပေးပါ။ အကယ်၍ cookies များကို ပိတ်ထားပါက သင်သည် ကျွန်တော်တို့ ဝက်ဆိုဒ်၏ တုံ့ပြန်လုပ်ဆောင်ချက်များကို အသုံးမပြုနိုင်ပါ။

အုပ်ချုပ်မှု ဥပဒေ နှင့် တရားစီရင်ပိုင်ခွင့်

အထက်ပါ မူဝါဒများ နှင့် အချက်အလက်များသည် စင်ကာပူသမ္မတနိုင်ငံ၏ ဥပဒေများဖြင့် အုပ်ချုပ်ခြင်းဖြစ်သည့်အတွက် ၎င်းတရားရုံးများတွင် အထူးသီးသန့် တရားစီရင်ခြင်းခံရမည်ဖြစ်သည်။

အရောင်းမြှင့်တင်ခြင်း

  1. ၁။ ဤဝက်ဆိုဒ်တွင် ဖော်ပြထားသော အရောင်းမြှင့်တင်ခြင်းများသည် စင်ကာပူနိုင်ငံတွင် ဝယ်ယူသော ပစ္စည်းများသာ အကျုံးဝင်သည်။ Brother International စင်ကာပူ Pte, Ltd ၏ ဝန်ထမ်းများ၊ သူတို့၏မိသားစုဝင်များနှင့် အေဂျင်ဆီများ (ပြန်လည်ဖြန့်ချိသူများအား ကန့်သတ်ထားခြင်းမရှိဟု ပါဝင်သော်လည်း) သည် အရောင်းမြှင့်တင်ခြင်းများနှင့် သက်ဆိုင်မှုမရှိပါ။
  2. ၂။ တရားဝင် လက်ဆောင်ပစ္စည်းရပိုင်ခွင့်အတွက် သုံးစွဲသူသည် ပါဝင်သောတရားဝင်အရောင်းကိုယ်စားလှယ်ထံမှ စာရင်းရှိသောမော်ဒယ်လ်များကို အရောင်းမြှင့်တင်ခြင်းနောက်ဆုံးရက်မတိုင်ခင် ဝယ်ယူပြီးဖြစ်ရမည်။
  3. ၃။ ဆုလက်ဆောင် ရယူရန် လုပ်ဆောင်ခြင်းမပြုခင် သုံးစွဲသူသည် အွန်လိုင်းတွင် အာမခံစာရင်းပေးသွင်းရမည်ဖြစ်ပြီး စက်ဝယ်စဉ်ပေးချေခဲ့ရသော မူရင်းဖြတ်ပိုင်းမှ serial number ကို Brother သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ယူဆောင်လာရမည်ဖြစ်သည်။ ထုတ်ကုန်တစ်ခုထပ်ပိုမို ဝယ်ယူခဲ့ပါက သုံးစွဲသူသည် ထုတ်ကုန် တစ်ခုချင်းစီအတွက် စာရင်းပေးသွင်းရမည်ဖြစ်သည်။.
  4. ၄။ သုံးစွဲသူသည် Brother သုံးစွဲသူ ဝန်ဆောင်မှု စင်တာသို့ ကိုယ်တိုင်လာရောက်ကာ ပေးအပ်သော မေတ္တာလက်ဆောင်များကို ထုတ်ယူရမည်။
  5. ၅။ Brother သုံးစွဲသူဝန်ဆောင်မှု စင်တာ ဖွင့်ချိန်မှာ Sundays နှင့် အစိုးရ ရုံးပိတ်ရက်များမှ အပ 9am to 6pm (Monday to Friday) အထိ၊ 9am to 1pm(Saturday) အထိ ဖွင့်လှစ်ပေးထားသည်။
  6. ၆။ လက်ဆောင် ထုတ်ယူခြင်းများအားလုံးသည် အရောင်းမြှင့်တင်ခြင်းနောက်ဆုံးရွက်အား အနောက်ကျဆုံးထား၍ Brother သုံးစွဲသူဝန်ဆောင်မှု စင်တာတွင် ထုတ်ယူရမည်။
  7. ၇။ သုံးစွဲသူများသည် မူဝါဒများ နှင့် အချက်အလက်များနှင့်အညီ စာရွက်စာတမ်းအပြည့်အစုံဖြင့်ထုတ်ယူနိုင်သည်။ တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက Brother မှ ဆုလက်ဆောင်ထုတ်ယူခွင့်ကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။
  8. ၈။ တောင်းဆိုမှုအားလုံးသည် Brother International စင်ကာပူ Pte Ltd’s ၏ အတည်ပြု စိစစ်ခြင်းခံရမည်။ သုံးစွဲသူများသည် ဆုလက်ဆောင်ထုတ်ယူသည့်အခါ ပြသသော စာရွက်စာတမ်းများကို မိတ္တူကူးယူထားသင့်သည်။ Brother International စင်ကာပူ Pte Ltd တွင် ပြန်လည်ရွေးယူခြင်းကို အတည်မပြုနိုင်ပါက ငြင်းပယ်ခြင်းခံရမည်ဖြစ်သည်။ Brother International စင်ကာပူ Pte Ltd မှ မည်သည့် လိမ်လည်တောင်းဆိုမှုမဆို တရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိသည်။
  9. ၉။ Brother International စင်ကာပူ Pte Ltd သည် နောက်ကျခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် တိုက်ရိုက်မဟုတ်ပဲ Fax-ins ဖြင့်တောင်းဆိုမှုများကို မည်သို့မျှတာဝန်ယူလက်မခံပါ။/li>
  10. ၁၀။ အရောင်းမြှင့်တင်ခြင်းအစီအစဉ်သို့ ပါဝင်ခြင်းဖြင့် သုံးစွဲသူများသည် ကြိုတင်အသိပေးခြင်းမရှိလျှင် သုံးစွဲသူတစ်ယောက်ချင်းစီသည် ပါဝင်ရန်တင်သွင်းသော အချက်အလက်များအား ဒေတာဘေ့စ်ထဲတွင် သိမ်းဆည်းခြင်းကို သဘောတူပြီးဖြစ်သည်။ Brother International စင်ကာပူ Pte Ltd သည် အဆိုပါ အချက်အလက်များအား နောက်ထပ်ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲများ၊ marketing များတွင် ပါဝင်သူအား မည်သည့် ငွေပေးချေခြင်းများ လျော်ကြေးပေးချေခြင်းများမပြုလုပ်ပဲ အသုံးပြုနိုင်သည်။ အားလုံး၏ ကိုယ်ရေးအချက်အလက်များသည် Brother International စင်ကာပူ Pte Ltd ၏ ရုံးနှင့် ကျွနု်ပ်တို့၏ တရားဝင် data provider များက ထိန်းသိမ်းထားမည်ဖြစ်သည်။
  11. ၁၁။ မည်သည့် ပျောက်ဆုံးခြင်း သို့မဟုတ် ထိခိုက်ပျက်ဆီးခြင်းများ (ပါဝင်ခြင်း၊ အကန့်အသတ် မရှိ၊ သွယ်ဝိုက် သို့မဟုတ် ဆက်စပ်ဆုံးရှုံးခြင်း)၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အစီအစဉ်တွင် ပါဝင်ရန်ငြင်းပယ်ခံရခြင်းတို့အတွက် တရားဥပဒေအရလုပ်ဆောင်ခြင်းမှလွဲ၍ Brother International စင်ကာပူ Pte Ltd တွင် တရားဝင် တာဝန်မရှိပါ။
  12. ၁၂။ စက်၏ serial number အား တစ်ကြိမ်ထက်ပိုမိုပြီး ပြန်လည်ရွေးယူခြင်း ပြုထားပါက တရားမဝင်သည်ဟု ယူဆသည်။
  13. ၁၃။ ပြန်လည်အပ်နှံသောပစ္စည်းများပေါ်တွင် ဆုလက်ဆောင်ထုတ်ယူခွင့်မရှိပါ။ထုတ်ကုန်များပြန်လည်အပ်နှံလျှင် Brother မှ မည်သည့်ဆုလက်ဆောင်ထုတ်ယူခွင့်မဆို ငြင်းပယ်ခွင့်ရှိသည်။
  14. The promotion cannot be combined with any other promotional offers.
  15. Late redemption will not be entertained.

ဆိုရှယ်မီဒီယာဆိုင်ရာလုပ်ဆောင်မှုမူဝါဒ

  1. ၁။ ဆိုရှယ်မီဒီယာတွင် ပါဝင်လုပ်ဆောင်သူအနေဖြင့်
  2. ・ အသုံးပြုသူများ၏ တုံ့ပြန်ချက်များကို ကျွန်ုပ်တို့ ဂရုတစိုက် နားထောင်ပါသည်။

    ・ ကျွန်ုပ်တို့ ရေးသားသော အကြောင်းအရာအတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိပြီး နားလည်မှုမမှားရအောင် အလေးထားဆောင်ရွက်ပါမည်။

    ・ အခြားသူများ၏ အခွင့်အရေးကို မချိုးဖောက်မိစေရန် အထူးသတိပြုပါမည်။

    ・ အကြောင်းတစ်စုံတစ်ရာ(ကုန်ပစ္စည်း သို့မဟုတ် ငွေကြေး)အကျိုးအမြတ်နှင့် အခြားတစ်ဦးတစ်ယောက်အား Brother နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာတွင် ရေးသားစေမည်ဆိုပါက ယခုအချက်အလက်များကို ထိုသူအား သေချာစွာ မေးမြန်းပါမည်။.

  3. ၂။ ကျွန်ုပ်တို့၏ အသုံးပြုသူများနှင့် ဆိုရှယ်မီဒီယာမှကြည့်ရှုသူများသို့
  4. ・ ဆိုရှယ်မီဒီယာတွင်ရေးသားသော အကြောင်းအရာများသည် ကျွန်ုပ်တို့၏တရားဝင်ကြော်ငြာချက်များ အမြဲတစေဖြစ်မည်မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားစေလိုပါသည်။

    ・ မေးခွန်းအားလုံးအား ကျွန်ုပ်တို့မှ အချိန်မဆိုင်းပဲ ဖြေကြားပေးမည်ဖြစ်သော်လည်း မဖြေကြားနိုင်သောအချိန်များလည်း ရှိနိုင်ပါသည်။ ထိန်းချုပ်ထားသော အကြောင်းအရာများနှင့် Brother နှင့် မပတ်သက်သော အကြောင်းအရာများကို ကျွန်ုပ်တို့ ဖြေကြားပေးလေ့မရှိပါ။

    ・ မေးခွန်းများကို အကြောင်းသင့်လျှင် သက်ဆိုင်ရာဌာန တာဝန်ရှိသူမှ ဝင်ရောက်ဖြေကြားပေးနိုင်ကြောင်းကို ကျေးဇူးပြု၍ သိထားစေလိုပါသည်။

    ・ ကျွန်ုပ်တို့တရားဝင် ဆိုရှယ်မီဒီယာသို့ ရေးသားသောအကြောင်းအရာများကို မူပိုင်ခွင့်ချိုးဖောက်သည်၊ သတင်းပေါက်ကြားမှု၊ သို့မဟုတ် မသက်ဆိုင်သောအကြောင်းအရာ(ကြမ်းတမ်းသော အသရေပျက်စေသော ရိုင်းစိုင်းသော သို့မဟုတ် အမုန်းပွားစေသော အကြောင်းအရာများအပါအဝင်)ဟု ယူဆပါက ဖျက်သိမ်းမည်ဖြစ်သည်။