ထုတ်လုပ်မှုများကို အမြင့်ဆုံးဖြစ်အောင် စွမ်းဆောင်ပါ
အရေအတွက်အများအပြား print ထုတ်ဖို့လိုအပ်လာသည့် အချိန်တိုင်း Brother ၏ ထိရောက်သည့် ဖြေရှင်းနည်းများကို အသုံးပြု၍ သင့်ရဲ့ လုပ်ငန်းများကို တိုးတက်အောင်လုပ်ဆောင်လိုက်ပါ။ အမျိုးအစားစုံလင်လှသည့် စီးပွားရေးလုပ်ငန်းများအားလုံးနှင့် အဆင်ပြေချောမောအောင် ပေါင်းစပ်နိုင်စေခြင်းဖြင့် သင့်ကို ပြိုင်ဘက်များ၏ရှေ့ဆုံးမှာ ရောက်ရှိနေအောင်လို့ ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်။
သင့်လုပ်ငန်းအတွက် သေချာပြင်ဆင်ထားသော အပိုပစ္စည်းများ
စာရွက်ထည့်နိုင်သည့် ပမာဏကိုမြှင့်တင်ရန် paper trays ဒါမှမဟုတ် tower trays တို့ကိုရွေးချယ်လိုက်ပါ။ Print ထုတ်တဲ့အခါမှာ အလိုလျောက် စုစည်းပြီး အစီအရီဖြစ်စေဖို့ အတွက် sorter unit တခုထည့်ခြင်း ဒါမှမဟုတ် အလိုလျောက် အမျိုးအစားခွဲပေးပြီး တွဲချုပ်ပေးသည့် finisher unit တခု ထည့်ပေါင်း၍ carbon copy forms များဖန်တီးရန် သီးသန့် trays များသတ်မှတ်လိုက်ပါ။
သင့်ရဲ့ back-end လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပါ။
တီထွင်ဆန်းသစ်သည့် လုပ်ဆောင်ချက်များနှင့် သင့်ရဲ့ IT စီမံခန့်ခွဲသူများကို လုပ်ပိုင်ခွင့်ပေးလိုက်မယ် ဆိုရင် သူတို့ရဲ့ အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့သွားစေမှာပါ။
- Mass Deployment Tool ဆိုတာက device များ၏ settings များကို အလွယ်တကူ ချိန်ညှိပေးနိုင်မည့် tool တခုပဲဖြစ်ပါတယ်။
- Web BRAdmin ဆိုတာ စက်များစွာကို ထိန်းချုပ် စောင့်ကြည့်ခြင်း နှင့် ပြဿနာများကိုဖြေရှင်းခြင်းပဲဖြစ်ပါတယ်။
- Universal Printer Driver ဆိုတာက Brother စက်ပစ္စည်းတခုလုံးကို အခြား သီးခြား printer drivers များမလိုအပ်ပဲ အထောက်အပံ့လုပ်ပေးနိုင်ခြင်းပါ။
သင့်စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များအားလုံးကို စိတ်ကြိုက်ဖန်တီးပြုလုပ်နိုင်ရန်
ကျွန်တော်တို့ Brother စက်တွေမှာပါဝင်တဲ့ စုံလင်လှသော စိတ်တိုင်းကျ ပြင်ဆင်နိုင်သည့် လုပ်ဆောင်မှုများကို ထိတွေ့၍ ထုတ်လုပ်စွမ်းအားတွေကို တိုးမြှင့်ရန် လုပ်ဆောင်လိုက်ပါ။
- Direct shortcuts ဆိုတာ ပုံမှန်လုပ်ဆောင်နေကျ အလုပ်တွေကို အလျှင်အမြန်လုပ်ဆောင်နိုင်စေဖို့အတွက် LCD touchscreen ပေါ်မှာ ပြထားတာပါ။
- Custom User Interface ဆိုသည်မှာ သင့်ရဲ့စီးပွားရေးလုပ်ငန်းစဉ်များနှင့်ပေါင်းစပ်ပြီး interface တခုကိုဖန်တီးခြင်းပါ။
- Special Solutions Customisation (SSC) ဆိုတာကတော့ Brother ရဲ့ ထုတ်ကုန်ပစ္စည်းများကို သင့်စီးပွားရေးလုပ်ငန်းလိုအပ်ချက်တွေနှင့် ကိုက်ညီမှု အဆင်ပြေမှုရှိအောင် ပြင်ဆင်မွမ်းမံခြင်းပဲဖြစ်ပါတယ်။
Print ထုတ်ရသည့် လုပ်ငန်းခွင်တွင် လုပ်ပိုင်ခွင့်များ လျှော့ချခြင်း
အချိန်နှင့် တပြေးညီ print ထုတ်ဖို့ လိုအပ်လာတဲ့အခါမှာ copier စက်အကြီး တစ်လုံးတည်းဖြင့် အများကြီးလုပ်ဆောင်ပေးနိုင်ပါတယ်။ သင့်လုပ်ငန်းဌာနအတွင်းအသုံးပြုလျှင်ရှိသည့် အမျိုးမျိုးသော desktop printers များကို ထိထိရောက်ရောက် အသုံးချခြင်းဖြင့် အလုပ်နေရာ ဌာနတစ်ခုနှင့်တစ်ခု အဆင်ပြေချောချောမောမော နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
သယ်ဆောင်သွားလာရင်း သက်တောင့်သက်သာ print ထုတ်ခြင်း
ကြိုးမဲ့ချိတ်ဆက်ခြင်း နှင့် Bluetooth ချိတ်ဆက်မှုများပါဝင်သည့် Brother ၏ သယ်ဆောင်ရပေါ့ပါးသော label printers များက သွားလာနေရင်း barcode labels နှင့် invoices များကို print ထုတ်ပေးနိုင်မှာပါ။ သာလွန်ကောင်းမွန်တဲ့ thermal print နည်းပညာက မှင် နှင့် မှင်တောင့်တွေ လိုအပ်မှုလျော့နည်းလာအောင် လုပ်ဆောင်ပေးမှာပါ။