hamburger icon
Menu

အချက်အလက်မူဝါဒ 


BROTHER INTERNATIONAL (စင်ကာပူ) ပုဂ္ဂလိကကုမ္ပဏီလီမိတက်
Brother International (စင်ကာပူ) Pte. Ltd. (ဤအချက်အလက်မူဝါဒတွင် “ကျွန်ုပ်တို့” or “ကျွန်ုပ်တို့ရဲ့” စသည်ဖြင့် ရည်ညွှန်းသုံးစွဲသွားပါမည်)သည် ကျွန်ုပ်တို့ နှင့် လေးစားစွာ မျှဝေသည့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ ကို အလေးအနက်ထား၍ ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ထားပါသည်။

မိတ်ဆက်
ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ ကာကွယ်ရေးဥပဒေအရ လေးနက်စွာ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ထို့အပြင် သင့်အနေဖြင့် ကျွန်ုပ်တို့အား ယုံကြည်စွာ မျှဝေသည့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ၏ အရေးပါပုံကို သိရှိနားလည်သည့်အတွက် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ယူမှုသာဖြစ်ပါသည်။
ဤအချက်အလက်မူဝါဒသည် ကျွန်ုပ်တို့ စုဆောင်း ကောက်ယူ သိမ်းဆည်း အသုံးပြုခဲ့သည့် အချက်အလက်များအပါအ၀င် ဤ၀က်ဆိုဒ် [http://www.brother.com.sg]မှ တစ်ဆင့်သော်ဖြစ်စေ၊ တိုက်ရိုက်သော်ဖြစ်စေ၊ အသုံးပြုသူ ၀န်ဆောင်မှု စင်တာမှဖြစ်စေ၊ လူကိုယ်တိုင်တွေ့ဆုံသည့် ပွဲများမှဖြစ်စေ၊ စာတိုက်မှစာများမှဖြစ်စေ စုဆောင်းသိမ်းဆည်းထားသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ အပေါ် အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပါသည်။  
ဤမူဝါဒထဲတွင် “ဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်” ဆိုသည်မှာ ကျွန်ုပ်တို့ ရရှိခဲ့သည့် မည်သည့် အချက်အလက်များနှင့် ဆက်နွယ်သည့် တစ်ဦးတစ်ယောက်ချင်း၏ အကြောင်းအရာများ ဖြစ်စေ (သို့) ထိုအချက်အလက်များအတွင်း၌ ပေါင်းစပ်ပါဝင်နေသော အခြား မည့်သည့် အဖွဲ့အစည်း၏ သတင်းအချက်အလက် များကို ရယူအသုံးပြုပါဝင် နေသည်ဖြစ်စေ တည်ဆဲဥပဒေ မှသတ်မှတ်ထားသည့် အတိုင်း အကျူံးဝင်နေမည်ဖြစ်သည်။
အကယ်၍ သင့်အနေဖြင့် ကျွန်ုပ်တို့၏ မူဝါဒများနှင့်ဖြစ်စေ၊ ဆောင်ရွက်ပုံများနှင့် ပတ်သတ်၍ဖြစ်စေ ကျွန်ုပ်တို့ အနေဖြင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ ကို မည်သို့ စီမံထိန်းသိမ်းကာကွယ် ထားသည်ကို သိရှိလို၍ဖြစ်စေ အောက်ပိုင်းတွင် ဆက်သွယ်ရန်လိပ်စာပေးထားသော ကျွန်ုပ်တို့၏ အချက်အလက်များကာကွယ်ရေးဆိုင်ရာ အရာရှိထံသို့ နှောင့်နှေးမှုမရှိဘဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အကယ်၍ သင့်အနေဖြင့် Brother မှထုတ်လုပ်သော ဆော့ဝဲလ်(သို့) ၀န်ဆောင်မှုများထဲမှ တစ်ခုခုကို အသုံးပြုခဲ့မည်ဆိုပါကလည်း ၄င်းတို့တွင် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များနှင့် သက်ဆိုင်သော စည်းကမ်းသတ်မှတ်ချက်များ နှင့် မူဝါဒများ ထပ်ပေါင်းပါဝင်နေမည်ဖြစ်ပါသည်။ ထို့အတွက်ကြောင့် သင်အသုံးပြုသော ၀န်ဆောင်မှု နှင့် ထုတ်ကုန်ပေါ်မူတည်၍ ၄င်းတို့နှင့် ဆက်နွယ်နေသော စည်းကမ်းသတ်မှတ်ချက်များနှင့် မူဝါဒများကိုလည်း ဖတ်ရှုသိရှိရန် အရေးကြီးပါသည်။ ထိုကဲ့သို့ဖြစ်ရပ် အခြေအနေမျိုးတွင်လည်း အကယ်၍ ယခု အချက်အလက်မူဝါဒနှင့် သင်အသုံးပြုသော ၀န်ဆောင်မှု(သို့)ထုတ်ကုန်မှ ထပ်တိုးပါဝင်သော အချက်အလက်မူဝါဒများသည် သဘောထားကွဲလွဲမှု (သို့) ထပ်တူညီမှုမရှိမှု တစ်စုံတစ်ရာရှိခဲ့သော် သင်အသုံးပြုသော ၀န်ဆောင်မှု(သို့)ထုတ်ကုန်မှ ထပ်တိုးပါဝင်သော အချက်အလက်မူဝါဒအတိုင်းကိုသာ အတည်သတ်မှတ်မည်ဖြစ်ပါသည်။


ကျွန်ုပ်တို့ စုဆောင်းသည့် အချက်အလက်များ
ကျွန်ုပ်တို့ အနေဖြင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ နှင့်ပတ်သတ်၍ စုဆောင်းကောက်ယူနိုင်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • ကျွန်ုပ်တို့၏ ၀က်ဆိုဒ်၊ ၀န်ဆောင်မှုစင်တာ နှင့် အသုံးပြုသူစစ်တမ်းများမှ ဖောင်များတွင် ဖြည့်ခဲ့သော(သို့)ပို့ဆောင်ခဲ့သော သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ (သို့) လုပ်ငန်းပိုင်ဆိုင်ရာ အဆက်အသွယ် သတင်းအချက်လက်များဖြစ်သည့် အမည်၊ စာတိုက်လိပ်စာ၊ ဖုန်းနံပါတ် နှင့် အီး-မေးလ်လိပ်စာများ။
  • အသုံးပြုသူကိုယ်စားပြုအမည်များ (user IDs) နှင့် လျှို့ဝှက်စကားဝှက်များ(Passwords) စသည့် သီးခြားအချက်အလက်များ။
  • သင်အသုံးပြုသည့် ကွန်ပျူတာ၏ အင်တာနက် လိပ်စာများ။
  • ကျွန်ုပ်တို့ထံမှ သင်ဝယ်ယူခဲ့သည့် ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှု၏ မော်ဒယ်၊ ကိုယ်ပိုင်အမှတ်၊ ရောင်းချသူအမည် စသည်တို့၏ အသေးစိတ်အချက်များ။
  • ကျွန်ုပ်တို့၏ ၀က်ဆိုဒ် သို့ သင်ဝင်ရောက် အသုံးပြုခဲ့သည့် အသေးစိတ်အချက်လက်များ၊ ကျွန်ုပ်တို့၏ ၀က်ဆိုဒ်မှတစ်ဆင့် (သို့) သွယ်ဝိုက်သော နည်းဖြင့် ကျွန်ုပ်တို့ ၀က်ဆိုဒ်နှင့် ဆက်နွယ်နေသော အရင်းမြစ်များတွင် သင်အသုံးပြုခဲ့သော ၀န်ဆောင်မှုများတွင် သုံးစွဲခဲ့သော လုပ်ရပ်များအကြောင်း။
  • အလုပ်သမား ခန့်အပ်ရေးနှင့် စီမံခန့်ခွဲရေးအတွက် သင့်လျော်စွာလိုအပ်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ကြောင်း အချက်အလက်များ။
 
လုံခြုံရေး
ကျွန်ုပ်တို့ အနေဖြင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ၏ အရည်အသွေးနှင့် စစ်မှန်မှုအတွက် အပြည့်အ၀ ကာကွယ်မှုပေးရန် ဆုံးဖြတ်ထားပါသည်။ထို့အတွက်ကြောင့် ခွင့်ပြုချက်မရှိသော ရယူသိမ်းဆည်းအသုံးချမှုများကို ကာကွယ်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းသုံးအဆင့်ရှိ လုံခြုံရေးဆိုင်ရာ နည်းပညာများ၊ လုပ်ဆောင်ပုံများ နှင့် စီမံခန့်ခွဲတိုင်းတာမှုများကို ရွေးချယ်အသုံးပြုထားပါသည်။
ကျွန်ုပ်တို့ အနေဖြင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ၏ လုံခြုံရေးချိုးဖောက်ခံရနိုင်မှုများကိုလည်း ကြိုတင်သတိပြုမိစေရန် တိုက်တွန်းလိုပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ၀က်ဆိုဒ်၏ သက်ဆိုင်ရာ အစိတ်အပိုင်းအချို့ကို ၀င်ရောက်သုံးစွဲနိုင်ရန် မှတ်ပုံတင်ရန်အတွက် ကျွန်ုပ်တို့ပေးခဲ့သော (သို့) သင်ကိုယ်တိုင်ရွေးချယ်ခဲ့သော လျှို့ဝှက်စကားဝှက်များအား သင့်အနေဖြင့် အခြားသူများအား ဝေမျှခြင်းမပြုသင့်ခြင်း။

ကျွန်ုပ်တို့ အနေဖြင့် သင်၏ သတင်းအချက်အလက်များအား အသုံးပြုပုံ
ကျွန်ုပ်တို့ အနေဖြင့် သင်၏ သတင်းအချက်အလက်များအား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် သုံးစွဲနိုင်ပါသည်။
  • သင့်၏ Brother အသင်းဝင် (သို့) အွန်လိုင်းဝန်ဆောင်မှုအပါအ၀င် အခြား ၀န်ဆောင်မှုများ၏ အကောင့်(account)များအား စီမံခန့်ခွဲရန်။
  • သင့်၏ ခွင့်ပြုချက်ပေါ်မူတည်၍ သင်စိတ်ဝင်စားနိုင်သည့် Brother၏ ထုတ်ကုန်၊ ၀န်ဆောင်မှု နှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာ ကမ်းလှမ်းချက်များဖြင့် သင်နှင့် ဆက်သွယ်ရန်။
  • ကျွန်ုပ်တို့ ၏ အရောင်းမြှင့်တင်မှုများ နှင့် စစ်တမ်းများတွင် သင်၏ပူးပေါင်းပါဝင်မှုများအား စီမံခန့်ခွဲရန်။
  • သင့်၏ တောင်းခံမှုများ၊ မေးခွန်းများ နှင့် တိုင်ကြားမှုများအား ပြန်လည်တုန့်ပြန်ရန်နှင့် စီမံရန်။
  • အကယ်၍သင်ဟာ ကျွန်ုပ်တို့ထံ အလုပ်လာရောက်လျှောက်ထားသူ ဖြစ်ပါက သင်၏ တာဝန်ထမ်းဆောင်မှုအတွက် ထည့်သွင်းစဉ်းစားရန်နှင့် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိပါက စီမံခန့်ခွဲရန်။
  • သင့်အတွက် သင့်လျော်ကောင်းမွန်သော ၀က်ဆိုဒ်အချက်အလက်များ ပြသပေးရန်အတွက် ကျွန်ုပ်တို့ ၀က်ဆိုဒ်တွင် သင်အသုံးပြုခဲ့သော အချက်အလက်များ(ဥပမာ - သင်၏ အင်တာနက်လိပ်စာ)အား စိစစ်ပိုင်းခြားရန်နှင့် သုံးစွဲရန်။
  • ကျွန်ုပ်တို့၏ ၀က်ဆိုဒ်နှင့် ၀န်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်အတွက် သုသေသနများ စီမံခန့်ခွဲရန်၊ လေ့လာစမ်းစစ်ရန် နှင့် ဖွံဖြိုးရေး လှုပ်ရှားမှုများ(အကန့်အသတ်မရှိသော အချက်အလက်များ စီစစ်မှုများ၊ ခြုံငုံလေ့လာမှုများ နှင့်/သို့ မှတ်တမ်းပြုစုခြင်း) တွင်အသုံးချခြင်း။
  • စင်ကာပူနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြင်ပ၌ ဖြစ်စေ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များ အား သိမ်းဆည်းရန် (သို့) အရံထားရှိရန် (သဘာဝဘေးအန္တရာယ် သို့ အခြားဖြစ်ရပ်များအတွက် ပြန်လည်ပြုပြင်ရန်)။
  • ဥပဒေအရ တုံပြန်မှုများ၊ ရပိုင်ခွင့်တောင်းခံမှု များ နှင့် ခြေပမှုများ၊ တရားစွဲဆိုရာတွင်ကာကွယ်မှုများ နှင့် မည်သည့် တိုင်တောချက်များအတွက် မဆို စီမံခန့်ခွဲရန်နှင့် အဆိုပြုရန်။
  • ပုဂ္ဂလိက သို့ အစိုးရအဖွဲ့အစည်းများ၊ ပြဌာန်းဥပဒေအရ အဖွဲ့အစည်းများ၊ ဆက်စပ်နေသော ကုပ္မဏီများ၏ စာရင်းများ၊ တိုင်စာများ၊ စုံစမ်းမှုများ၊ စစ်ဆေးမှုများအတွက် လိုအပ်သော လုပ်ကိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက် တောင်းခံမှုများ နှင့် ပြန်လည်တုန့်ပြန်မှုများ။၏ တွင်သုံးစွဲရန်။
  • ပြဌာန်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေရေးရာ နှင့် အစိုးရ၏ တောင်းဆိုမှုများတွင် လိုက်နာဆောင်ရွက်ရန်။
 
သင့်၏ သတင်းအချက်အလက် ကြေငြာချက်
သင့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်များသည် စင်ကာပူနိုင်ငံအတွင်း (သို့) စင်ကာပူနိုင်ငံအပြင်ဘက်ရှိ အောက်ပါ ကြားခံအသင်းအဖွဲ့များသို့ အသုံးပြုရန်ဖြစ်စေ၊ ထုတ်ဖော်ပြသရန်ဖြစ်စေ၊ ရယူရန်ဖြစ်စေ၊ စီမံခန့်ခွဲရန်ဖြစ်စေ၊ လွှဲပြောင်းပေးရန်ဖြစ်စေ အထက်ပါအချက်များအရ ပြုလုပ်နိုင်ပါသည်။
  • ကျွန်ုပ်တို့ ရုံးချုပ်၊ ရုံးခွဲများ နှင့် ဆက်စပ်ကုမ္ပဏီများ။
  • သင့်အချက်အလက်များအား စီမံခန့်ခွဲရန်အတွက် လိုအပ်သော ကြားခံထောက်ပံ့ပေးသူများ။ ဥပမာ - သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သိမ်းဆည်း အသုံးပြုရန်အတွက် နည်းပညာလိုအပ်ချက်များအား ဆောင်ရွက်ပြုပြင်ပေးသူများ၊ ဤ၀က်ဆိုဒ်အား ထားရှိ စီမံပေးသူများ၊ သို့မဟုတ် ဤ၀က်ဆိုဒ်၌ဖြစ်စေ ဤ၀က်ဆိုဒ်မှတစ်ဆင်ဖြစ်စေ သင်ရယူသုံးစွဲနေသော ၀န်ဆောင်မှုများအား ထောက်ပံ့ပေးနေသောသူများ။
  • ကျွန်ုပ်တို့၏ စာရင်းစစ်များ နှင့် ဥပဒေအကြံပေးများ။
  • ပုဂ္ဂလိက သို့ အစိုးရအဖွဲ့အစည်းများမှ လုပ်ပိုင်ခွင့်ရှိသူများ၊ ပြဌာန်းဥပဒေအရ အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့အစည်းများ။
  • တရားရုံး နှင့် အခြား တရားရေးဆိုင်ရာ ရုံးများ
 
ဤကဲ့သို့ ဆက်စပ်နေသော မည်သည့် ကြားခံအဖွဲ့စည်းမဆို (၁)ကျွန်ုပ်တို့၏ မည်သည့် လုပ်ငန်း(သို့)ပိုင်ဆိုင်မှုထဲမှ ရောင်းချမှုများ၊ ထိုသို့ရောင်းချမှုများတွင် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သက်ဆိုင်ရာ လုပ်ငန်း(သို့)ပိုင်ဆိုင်မှုအား ၀ယ်ယူသူထံသို့ ထုတ်ဖော်ပြသရမည်ဖြစ်ပါသည်။သို့မဟုတ် (၂) ကျွန်ုပ်တို့ ၏ ပိုင်ဆိုင်မှုများ သို့ ကြားခံအသင်းအဖွဲ့များ၏ ပိုင်ဆိုင်မှုအားလုံးတွင် သင်နှင့် အခြားအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ လွှဲပြောင်းရယူမှုများလည်း ပါဝင်ပါမည်။
လိုအပ်မည်ဆိုပါက ကျွန်ုပ်တို့အနေဖြင့် သင့်ဆီမှ စုဆောင်းရရှိသော ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကျွန်ုပ်တို့၏ ကြားခံကုပ္မဏီသို့ လွှဲပြောင်းပေးအပ်ရာတွင် (စက်ကာပူမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ကောင်းမွန်သော ကာကွယ်မှုရမရ အား တည်ဆဲဥပဒေပေါ်မူတည်၍ ကာကွယ်ပေးသွားဖြစ်ပါသည်။
ကျွနု့်ပ်တို့အနေဖြင့် သင့်လျော်သော နည်းလမ်းများကို ရယူကာ ကြားနေအဖွဲ့အစည်းများ၏ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား သင့်လျော်သော နည်းပညာ၊ ခန့်ခွဲစီမံမှု များနှင့် စိတ်ချရသော လုံးခြုံရေးမျိုး ရှိမရှိကို သေချာစေမည်ဖြစ်ပါသည်။
အချို့ကိစ္စရပ်များတွင် ကျွန်ုပ်တို့အနေဖြင့် ကြားခံအဖွဲ့အစည်းများအား(စင်ကာပူနိုင်ငံတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) သက်ဆိုင်ရာ အသုံးပြုသူ၏ စုစည်းထားသော အချက်အလက်များအား ပေးပို့သွားပါမည်။ ထိုအချက်အလက်များတွင် သင်၏ ကွန်ပျူတာအကြောင်း အချက်အလက်များ၊ သင့် အင်တာနက်လိပ်စာ၊ အသုံးပြုသည့်စက်အမျိုးအစား၊ အသုံးပြုထားသော အင်တာနက် Browser အမျိုးအစား စသည်တို့ပါဝင်မည့်အချက်အလက်များကို ကြေငြာကုပ္မဏီများသို့ ပေးအပ်သွားမည်ဖြစ်ပါသည်။
ထိုအချက်အလက်များသည် အမည်မသိ သတင်းအချက်အလက်များ အနေဖြင့်သာဖြစ်ပြီး အသုံးပြုသူများ၏ လှုပ်ရှားမှုပုံစံများ၊ အသုံးပြုပုံများပါဝင်မည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ဖော်ပြမည်မဟုတ်ပါ။
ကျွန်ုပ်တို့အနေဖြင် ဥပဒေအရ သင်၏ ကိုယ်ရေးကိုယ်တာ အချက်များအား ထုတ်ဖော်(သို့)ဝေမျှရမည့် တာဝန်ရှိသည်ဖြစ်စေ၊ အခြားတစ်ဦးတစ်ယောက်၏ အခွင့်အရေး၊ ပိုင်ဆိုင်မှု၊ သို့ လုံခြုံရေးတို့ကို ကာကွယ်ရန်(ဥပမာအားဖြင့် လိမ်ညာမှုများကို ဖော်ထုတ်(သို့)ကာကွယ်ရမည့်အခြေနေ)များမှအပ မည်သည့် သင်၏ အချက်အလက်များကိုမှ သင်၏ ခွင့်ပြုချက်မပါဘဲ ဖော်ပြ သုံးနှုန်းမည်မဟုတ်ပါ။
ကျွန်ုပ်တို့ အနေဖြင့် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား မည်သည့်အခါမျှ ပြန်လည် ရောင်းချ(သို့)ငှားရမ်း အသုံးပြုမည် မဟုတ်သောကြောင့် သင့်အနေဖြင့် စိတ်ချစွာ ယုံကြည်နိုင်ပါသည်။
 
သင်၏ အချက်အလက်များအား ပြုပြင်မွမ်းမံခြင်း
သင့်အနေဖြင့် ကျွန်ုပ်တို့ထံသို့ အချက်အလက်များ ပေးပို့သည့်အခါတွင် မှန်ကန်တိကျသော အချက်အလက်များဖြစ်စေရန် သေချာကြိုးစားသင့်ပါသည်။ထို့အပြင် အကယ်၍ အချက်အလက်ပြောင်းလဲမှုများဖြစ်၍ ကျွန်ုပ်တို့တွင်ရှိသော အချက်လက်များမှန်ကန်တိကျမှု မရှိတော့သောအခါများတွင်လည်း ကျွန်ုပ်တို့အား အသိပေးရပါမည်။ အကယ်၍ သင့်အနေဖြင့် ကျွှန်ုပ်တို့ ၀က်ဆိုဒ်တွင် အသုံးပြုရန် မှတ်ပုံတင်ထားပါက သင်၏အချက်အလက်များကို ကျွန်ုပ်တို့၏ ၀က်ဆိုဒ်တွင် ၀င်ရောက်ပြီး အချိန်မရွှေး စီစစ်မှုများနှင့် ပြန်လည်ပြင်ဆင်မွမ်းမံ မှုများပြုလုပ်နိုင်ပါသည်။

သင့်၏ ရပိုင်ခွင့်
သင့်အနေဖြင့် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကျွန်ုပ်တို့ အနေဖြင့် အထပ်ဖော်ပြပါ အချက်အလက်မူဝါဒပါ ရည်ရွယ်ချက်များအရ အချို့သော်လည်းကောင်း၊ အားလုံးသော်လည်းကောင်း ရယူ၊ စုဆောင်း၊ အသုံးချ၊ ထုတ်ဖော်၊ စီမံ နေမှုများအား ခွင့်ပြုမှုရုပ်သိမ်းနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့်သင့်အား သင်ခွင့်ပြုထားသော သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုရန် သင်ခွင့်ပြုထားသည်ထက် ပိုမိုသုံးစွဲလိုပါက သင့်အား အကြောင်းကြားမည်ဖြစ်ပါသည်။(ကျွန်ုပ်တို့အနေဖြင့် သင်၏အချက်အလက်အား ကောက်ယူမည့်အချိန်)
သင့်အနေဖြင့် သင်၏ခွင့်ပြုချက်အား ရုပ်သိမ်းလိုပါက ကျွန်ုပ်တို့၏ ဆက်သွယ်ရန်ဖုန်း (၆၅)၆၅၃၈ ၃၉၉၈ / (၆၅)၆၅၃၈ ၃၉၉၈ သို့မဟုတ် အောက်တွင်ဖော်ပြထားသော ကျွန်ုပ်တို့ ၏ အချက်အလက် ကာကွယ်ရေး အရာရှိ၏ ဆက်သွယ်ရန်လိပ်စာအရ ဆက်သွယ်နိုင်ပါသည်။
သင့်အနေဖြင့် ကျွန်ုပ်ထံ၌ရှိသော သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား နှင့်/သို့ ကျွန်ုပ်တို့ ပြင်ဆင်ပေးထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များအား အောက်တွင်ဖော်ပြထားသော ကျွန်ုပ်တို့ ၏ အချက်အလက် ကာကွယ်ရေး အရာရှိ၏ ဆက်သွယ်ရန်လိပ်စာအရ ဆက်သွယ်ရေးသား၍ တောင်းခံ ရယူနိုင်ပါသည်။ ထိုသို့ သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များတောင်းခံရာတွင် ထိုလုပ်ဆာင်ချက်အား ကိုင်သွယ်ဆောင်ရွက်ရန်အတွက် သင့်တော်သော အဖိုးနှုန်းထား ကျသင့်မည်ကို သတိပြုစေလိုပါသည်။

ဤအချက်အလက်မူဝါဒ၏ အပြောင်းအလဲများ
ကျွန်ုပ်တို့အနေဖြင့် ဤအချက်အလက်မူဝါဒအား ကျွန်ုပ်တို့၏ သဘောထားတစ်ခုတည်ဖြင့် ပြောင်းလဲပြင်ဆင်ခွင့်ရှိပါသည်။ အချက်အလက်မူဝါဒအရ ပြောင်းလဲလိုက်သည့် မည်သည့် အချက်ကိုမဆို ကျွန်ုပ်တို့၏ ဤနေရာ၌ ရေးသားသွားမည်ဖြစ်ပါသည်။ ဤအချက်များရေးသားထားသော စာမူကိုလည်း အောက်ပါလိပ်စာတွင် တောင်းခံနိုင်ပါသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်ခြင်း နှင့် ဥပဒေ၏ နောက်ဆက်တွဲ အချက်အလက်များ
အကယ်၍ သင့်အနေဖြင့် ဤအချက်အလက်မူဝါဒနှင့် ပတ်သတ်၍ သိရှိဆက်သွယ်လိုသော်လည်းကောင်း, သို့မဟုတ် မေးမြန်းလိုသော်လည်းကောင်း၊ သို့မဟုတ် ကျွန်တော်တို့၏ အချက်အလက်များ စုဆောင်း၊ သိုလှောင်၊ သိမ်းဆည်း၊ ဖော်ပြ၊ အသုံးပြုပုံများ နှင့်ပတ်သတ်၍ တိုင်ကြားလိုပါက အောက်ပါ အချက်အလက် ကာကွယ်ရေး အရာရှိထံသို့ ဆက်သွယ်နိုင်ပါသည်။

အီးမေးလ် : dpo@brother.com.sg