လုံခြုံရေးနည်းပညာ

သင့်ကုမ္ပဏီအချက်အလက်တွေ ကာကွယ်ထားခြင်းမရှိလျှင် အချက်အလက်ခိုးယူသူတွေက အလွယ်တကူ ရယူသွားနိုင်ပါတယ်။ Brother မှ အဆင့်မြင့်လုပ်ငန်းသုံး လုံခြုံရေးနည်းစနစ်တွေဖြင့် သင့်အချက်အလက်ထိန်းသိမ်းမှု အားနည်းချက်တွေကို ပြင်ဆင်ပြီး သင့်ကုမ္ပဏီနှင့် သင့် printing လုပ်ဆောင်မှူတွေကို လုံခြုံအောင်ကာကွယ်လိုက်ပါ။

သင့်လုပ်ငန်းအတွက် ကောင်းမွန်တဲ့လုံခြုံရေးနည်းစနစ်ကို တည်ဆောက်ပါ

ကမ္ဘာတစ်ဝှမ်းရှိကွန်ယက်များနှင့် အလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်တာကြောင့် သင့်ရဲ့ printing လုပ်ဆောင်မှုများနှင့် အချက်အလက်ပေါက်ကြားမှုမရှိအောင် ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်လာပါပြီ။

သင့်ကွန်ယက်အတွင်း အချက်အလက်တွေမျှဝေနေစဉ် သင့်ရဲ့အရေးပါတဲ့အချက်အလက်တွေကို ခိုးယူမှုမှ ကာကွယ်လိုက်ပါ။ Brother ရဲ့ အဆင့်မြင့်လုံခြုံရေးနည်းပညာများဖြင့် လျှို့ဝှက်အချက်အလက်တွေကို လုပ်ဆောင်ချက်အနည်းငယ်ဖြင့် လုံခြုံစိတ်ချစွာ ကူးပြောင်းနိုင်ပါတယ်။ Brother နှင့်အားသာချက်တွေကို ရယူလိုက်ပါ။

  • အချက်အလက်ခိုးယူမှုတွေမှ အပြည့်အဝကာကွယ်ပေးခြင်း
  • မူရင်း အချက်အလက်ကာကွယ်မှုနည်းစနစ်များနှင့် ကိုက်ညီမှုရှိခြင်း
  • လုံခြုံလွယ်ကူတဲ့ ကွန်ယက်စနစ်ဖြင့် လုပ်ငန်းခွင်နှောင့်ယှက်မှုနည်းပါးခြင်း
  • သင့်လုပ်ငန်းရဲ့အဓိကတာဝန်ကို စိတ်အေးချမ်းစွာ အာရုံစိုက်လုပ်ဆောင်နိုင်ခြင်း

လုပ်ဆောင်ချက်များ

ကွန်ယက်အတွင်း အချက်အလက်များ မျှဝေအသုံးပြုသည့်အချိန်တွင် မည်သည့်အခါမှ လုံခြုံမှု မပေါက်ကြားပါစေနှင့်။ Brother စက်ပစ္စည်းများသည် သင့်အချက်အလက်လုံခြုံမှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး အနှောင့်အယှက်များ ဝင်ရောက်မှုကို လျှော့ချပေးနိုင်သည့် နောက်ဆုံးပေါ်နည်းပညာများပါဝင်ပါသည်။

ဘာကြောင့် Brother ကို ရွေးချယ်သင့်သလဲ

ကြာရှည်အသုံးခံမှုနှင့် မြင့်မားတဲ့စွမ်းဆောင်ရည်တွေကြောင့် မဟုတ်ဘဲ Brother ရဲ့ စက်ပစ္စည်းများမှာ သင့်လုပ်ငန်းရဲ့အချက်အလက်တွေ လုံခြုံအောင် မြင့်မားတဲ့လုံခြုံရေးစနစ်ပါ ထည့်သွင်းထုတ်လုပ်ထားခြင်းကြောင့် ကျော်ကြားရခြင်းပါ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့အဓိကတာဝန်ကို စိတ်အေးချမ်းစွာ အာရုံစိုက်လုပ်ဆောင်နိုင်ပြီး သင့်လုပ်ငန်းကို ချဲ့ထွင်နိုင်ပါပြီ။

ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ထံ ဖုန်းခေါ်ပါ ဒါမှမဟုတ် မက်ဆေ့ချ် ချန်ထားခဲ့ပါ။