ကွန်ယက်လုံခြုံရေးစနစ်

သင့်ကွန်ယက်ကို သင့်လုပ်ငန်းရဲ့ အားအနည်းဆုံးအစိတ်အပိုင်း မဖြစ်ပါစေနဲ့။ သင့်ရဲ့ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းများမှတဆင့် ကွန်ယက်ပေါ်တွင် အချက်အလက်များ ပေးပို့နေစဉ် အခွင့်မရှိသည့် အသုံးပြုသူများ ဝင်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်လိုက်ပါ။ Brother ရဲ့ မှန်ကန်တဲ့လုံခြုံရေးစနစ်ဖြင့် သင့်လုပ်ငန်း လုံခြုံစိတ်ချနိုင်ပါသည်။

Internet Protocol Security (IPsec)

INTERNET PROTOCOL SECURITY (IPSEC)

Internet Protocol Secure (IPsec) လုပ်ဆောင်ချက်ပါဝင်သည့် Brother ရဲ့ စက်များဖြင့် သင့်ရဲ့အရေးပါသည့် အချက်အလက်များကို လုံခြုံစွာထားပါ။ ကြံခိုင်တဲ့လုပ်ငန်းသုံး encryption စနစ်က သင့်ကွန်ယက်ကို ကာကွယ်ပေးပြီး သင့်ရဲ့အရေးကြီးသည့် အချက်အလက်တွေကိုလည်း လုံခြုံစေမှာပါ။
Secure Socket Layer (SSL)

SECURE SOCKET LAYER (SSL)

သင့်အချက်အလက်တွေကို ပို့လွှတ်နေချိန်အတွင်း ပေါက်ကြားမှူကို ကာကွယ်လိုက်ပါ။ SSL encryption စနစ်ဖြင့် သင့်ရဲ့စာရွက်စာတမ်းတွေကို print ထုတ်ရန် ကွန်ယက်မှတဆင့် ပို့ဆောင်နေချိန်အတွင်း ကာကွယ်ထားပါ။

ပို့လွှတ်မှူလုံခြုံရေးစနစ်

သင့်လုပ်ငန်းကို လုံခြုံရေးကျိုးပေါက်မှူမှကာကွယ်ပြီး အချက်အလက်ပေါက်ကြားမှူကြောင့်ဖြစ်တဲ့ ကုန်ကျစရိတ်များကို ရပ်တန့်လိုက်ပါ။ Brother စက်ပစ္စည်းများဟာ အတွင်းနှင့်ပြင်ပ လုံခြုံရေးပြဿနာများကို ထိန်းချုပ်ရန်နှင့် သင့်အချက်အလက်များကို လုံခြုံရန် ကူညီဖို့ နောက်ဆုံးပေါ်နည်းပညာများ ပါဝင်ပါတယ်။

Secure PDF

SECURE PDF

သင့် digital စာတမ်းများကို လျှို့ဝှက်ထားပါ။ စာရွက်ကို scan လုပ်ပြီး secure PDF ဖန်တီးရန် ဖိုင်ထဲတွင်ထည့်သွင်းမည့် လျှို့ဝှက်ကုတ်ကို ထည့်ရန်လိုအပ်သည်။ ၎င်း PDF မဖွင့်ခင် သင့်ဆီမှ လျှို့ဝှက်ကုတ်ကို တောင်းယူမည်ဖြစ်သည်။
NFC Tap to Access

NFC အသုံးပြုခွင့်ရရန် ထိကပ်ရသည့်စနစ်

သင့်ရဲ့ printer ကို အခွင့်မရှိဘဲ အသုံးပြုခြင်းမှ NFC အသုံးပြုခွင့်ရရန် ထိကပ်ရသည့်စနစ်ဖြင့် ကာကွယ်လိုက်ပါ။ NFC နည်းပညာကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းများသည် ၎င်းတို့၏ ID ကတ်များကို NFC printer ဖြင့်ထိကပ်ကာ အသုံးပြုခွင့်ရယူရမည်။ ၎င်းသည် ခွင့်ပြုထားသော ID ကတ်ဖြင့် အသုံးပြုသူမှလွဲ၍ အခြားအသုံးပြုမှူများကို ကန့်သတ်နိုင်သည်။

Secure Print

SECURE PRINT

သင့်ရဲ့လျှို့ဝှက်စာရွက်စာတမ်းတွေကို သင်သိမ်းမယူနိုင်သေးခင် အခွင့်မရှိသူက ဖတ်ခြင်း ပွားယူခြင်း ယူဆောင်သွားခြင်းမှ ကာကွယ်ပါ။ Secure Print ပါဝင်သည့် Brother စက်သည် printer ပေါ်တွင် လျှို့ဝှက်နံပါတ် ထည့်သွင်းပြီးမှသာ သင့်စာရွက်စာတမ်းများကို print ထုတ်ပေးပါသည်။
Secure Print

SECURE PRINT+

သင့်စာရွက်စာတမ်းတွေကို သင်သိမ်းဆည်းနိုင်မှသာ print ထုတ်စေလိုက်ပါ။ Secure Print+ လုပ်ဆောင်ချက် အသက်သွင်းထားသော စက်များတွင် သင့် ID ကတ်ဖြင့် အသုံးပြုခွင့်မရယူလျှင် print ထုတ်နိုင်မည်မဟုတ်ပါ။

Secure Function Lock

SECURE FUNCTION LOCK

သင့် printer လုပ်ဆောင်မှူတွေကို အခွင့်မရှိဘဲ အသုံးမပြုနိုင်အောင် ကန့်သတ်ပါ။ Secure Function Lock ကို အသုံးပြုပြီး မည်သည့်အသုံးပြုသူ သို့မဟုတ် အသုံးပြုသူအုပ်စုကို colour printing နှင့် scanning စသည် လုပ်ဆောင်ချက်များ ခွင့်ပြုမည်ကို သင့် IT ခေါင်းဆောင်များက ထိန်းချုပ်နိုင်သည်။

Active Directory/LDAP

SECURITY ACCESS VIA ACTIVE DIRECTORY/LDAP

အခြားအသုံးပြုသူ၏ database အား ထောက်ပံ့ပေးနေရခြင်းမှ အချိန်နှင့် လုပ်အားကို ချွေတာလိုက်ပါ။ သင့်ရဲ့ Active Directory/LDAP ကို အကောင်းဆုံး အသုံးပြုပြီး သင့်ရဲ့ Brother စက်ကို သင့်ရဲ့ IT စနစ်နှင့် ချိတ်ဆက်ကာ အသုံးပြုခွင့်ကို သင့်ကွန်ယက်အသုံးပြုခွင့် အချက်အလက်တွေဖြင့် ကန့်သတ်ထားပါ။
Scan to Various

SCAN TO FTP/SFTP, NETWORK FOLDER & EMAIL SERVER

လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများ မျှဝသေုံးစွဲသည့်အခါ မူရင်းစာရွက်စာတမ်း အချက်အလက်ကို ထိန်းသိမ်းထားပါ။ FTP/SFTP, Network Folder & Email Server သို့ scan လုပ်နိုင်သည့် လုပ်ဆောင်ချက်သည် စာရွက်စာတမ်းများကို စက်မှ လိုအပ်သည့်နေရာသို့ တိုက်ရိုက်ပို့ဆောင်ပေးပြီး ကြားဖြတ်နိုင်သည့် အခွင့်အရေးကို ပိတ်ပင်ပေးသည်။

ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ထံ ဖုန်းခေါ်ပါ ဒါမှမဟုတ် မက်ဆေ့ချ် ချန်ထားခဲ့ပါ။

  • အရေးပေါ် ဝန်ဆောင်မှု ဖုန်းလိုင်း
  • အီးမေးလ်ပို့ပါ

    info@alliancestars.biz သို့ အီးမေးလ်ပို့ပါ။