ပမာဏများစွာ print ထုတ်နိုင်ခြင်း
Brother Ink Tank printer များသည် အရေအတွက်များစွာကို လျင်မြန်စွာ ထုတ်ပေးနိုင်သောကြောင့် အလုပ်မပျက်ဘဲအချိန်သက်သာစေပါသည်။မှင်အမည်းအတွက် စာမျက်နှာ ၇၅၀၀ ထိထုတ်နိုင်ပြီး ကာလာမှင်အတွက် စာမျက်နှာ ၅၀၀၀ ထိထုတ်နိုင်တာကြောင့် ကုန်ကျစရိတ်သက်သာစေပါသည်။
စာရွက် ၁၅၀ ထိဆန့်သော paper tray ကြောင့် စာရွက်မကြာခဏထည့်ပေးရခြင်းမှ သက်သောစေပြီး စာမျက်နှာများညစ်ပေခြင်းမှကာကွယ်ပေးသောကြောင့် အနှောက်အယှက်ကင်းစွာဖြင့် print ထုတ်နိုင်ပါသည်။
လုပ်ဆောင်နိုင်ချက်များစွာပါဝင်ခြင်း
Print , scan နှင့် copy အသုံးပြုဖို့လိုအပ်တိုင်း Brother ရဲ့ Ink Tank printer များကိုအသုံးပြုနိုင်ပါသည်။စာရွက် ၂၀ အထိအသုံးပြုနိုင်သော Auto Document Feeder (စာမျက်နှာပမာဏများကို အလိုအလျောက် scan, copy လုပ်ပေးနိုင်သောစနစ်) ကြောင့် စာရွက်စာတမ်းများထုတ်တိုင်းအဆင်ပြေလွယ်ကူစေပါသည်။
စာရွက် ၈၀ အထိဆန့်သော multi-purpose tray သည် စာမျက်နှာဆိုဒ်များစွာနှင့် စာမျက်နှာအလေးချိန်မျိုးစုံကို အသုံးပြုနိုင်သောကြောင့် အဆင်ပြေစွာအသုံးပြုနိုင်သည်။
*ရွေးချယ်ထားသော models များ နှင့်သာ သက်ဆိုင်သည်။
နေရာမရွေး Print ထုတ်နိုင်ခြင်း
Printer များသည် Wifi နဲ့ Ethernet တစ်ခါထဲပါဝင်သောကြောင့် မိမိ၏လုပ်ဖော်ကိုင်ဖက်များနှင့် Printer တစ်ခုထဲကိုလွယ်ကူစွာ ခွဲဝေအသုံးပြုနိုင်ပါသည်။
Email Print ထုတ်နိုင်ခြင်း
သင်ရုံးတွင်မရှိသောအခါမျိုးတွင် သင်ထုတ်လိုသောစာရွက်စာတမ်းကို သင့်ရဲ့ Printer သို့အီးမေးလ်ပို့ပေးရုံဖြင့် Print ထုတ်ပေးနိုင်ပါသည်။
Print ထုတ်တိုင်းကုန်ကျစရိတ်သက်သာစေခြင်း
Brother ရဲ့ သာမာန်ထက်ပိုမိုမှင်များသည့် ultra high-yield မှင်ပုလင်းများကို သုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပါသည်။ အလိုအလျောက်စာမျက်နှာနှစ်ဖက်ထုတ်ပေးနိုင်သည့်အတွက် စာမျက်နှာသုံးစွဲမှုကို ၅၀ ရာခိုင်နှုန်းထိလျော့ချပေးနိုင်ပြီး လုပ်ငန်းစရိတ်သက်သာခြင်းသာမကဘဲ သဘာဝပတ်ဝန်းကျင်ကိုပါ ကာကွယ်ရာရောက်ပါသည်။
*ရွေးချယ်ထားသော models များ နှင့်သာ သက်ဆိုင်သည်။
- Print | Scan | Copy
- Wired/ကြိုးမဲ့ wireless ထုတ်နိုင်ခြင်း
- Duplex printing (စာမျက်နှာနှစ်ဖက် အလိုအလျောက်ထုတ်ပေးနိုင်ခြင်း)
- Auto document feeder (စာမျက်နှာပမာဏအများကို အလိုအလျောက် scan လုပ်ပေးနိုင်ခြင်း)
- စာရွက် ၈၀ ထိအသုံးပြုနိုင်သော multi-purpose tray