SCANNERS

စားပွဲတင်ဖြစ်စေ သယ်ယူသွားနိုင်သည့်ပုံစံဖြစ်စေ Brother scanner များက သင့်လုပ်ငန်းတွင်ကျယ်ရန်နှင့် အလွယ်တကူ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ကူညီပေးဖို့ ရှိနေပါသည်။

Desktop Scanners

DESKTOP SCANNERS

Brother ရဲ့ စွမ်းဆောင်ရည်မြင့် scanner ဖြင့် သင့်ရုံးတွင်း အလုပ်ပြီးမြောက်နှုန်းကို မြှင့်တင်လိုက်ပါ။ ချောမွေ့တဲ့ ချိတ်ဆက်မှုအတွက် ထုတ်လုပ်ထားပြီး ကျွန်တော်တို့ရဲ့ desktop scanner များတွင် ကြိုးဖြင့်ချိတ်ဆက်နိုင်ခြင်း၊ ကြိုးမဲ့ချိတ်ဆက်နိုင်ခြင်း၊ NFC နှင့် USB ကဲ့သို့ ကွန်ပျုတာမလိုအပ်ပဲ အသုံးပြုနိုင်သည့် လုပ်ဆောင်ချက်များပါဝင်သည်။ ထို့အပြင် လုပ်ငန်းလုံခြုံမှုအတွက်လည်း Scure Function Lock ဖြင့် အသုံးပြုခွင့်ကို ကန့်သတ်နိုင်ပါသည်။
Mobile Scanners

MOBILE SCANNERS

သင့်ရဲ့ အရေးကြီးအချက်အလက်များ သွားရင်းလာရင်း လွယ်ကူလုံခြုံစွာ မျှဝေနိုင်ခြင်းဖြင့် သင့်လုပ်ငန်း ရွေ့ပြောင်းနိုင်စွမ်းကို မြှင့်တင်လိုက်ပါ။ ကျွန်တော်တို့ရဲ့ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်တဲ့ mobile scanner တွေမှာ သွားလာရင်း လုပ်ငန်းအတွက် အသုံးပြုနိုင်သည့် USB စနစ်ပါဝင်ပါသည်။ တစ်ခေါက်တည်းဖြင့် အလိုအလျောက် စာရွက်မျက်နှာပြင် ၂ ဘက်လုံး scan ဖတ်နိုင်တာကြောင့် သင့်စာရွက်စာတမ်းများကို digital အဖြစ်ပြောင်းလဲသိမ်းဆည်းရာတွင် ပိုမိုမြန်ဆန်ထိရောက်စေပါသည်။

စာရွက်စာတမ်း မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်

လုပ်ငန်း လုပ်ဆောင်မှု အရှိန်မြင့်လာသည်နှင့်အမျှ စာရွက်စာတမ်းများကို အဆက်မပြတ်မျှဝေနိုင်ရန် လိုအပ်ချက်သည်လည်း ကြီးမားလာသည်။ Brother မြန်နှုန်းမြင့် scanner များဖြင့် သိမ်းဆည်းမည့်နေရာများစွာကို တိုက်ရိုက် scan ဖတ်ပြီး သင့်ရဲ့ စာရွက်စာတမ်း မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်ကို ယနေ့ပဲ မြှင့်တင်လိုက်ပါ။

Scan Direct to USB

သင့် USB ထဲသို့ တိုက်ရိုက် SCAN ဖတ်ပါ

လွယ်ကူစွာ scan ဖတ်ပြီး အရည်အသွေးမြင့် စာတမ်းတွေကို လျှင်မြန်စွာပို့ဆောင်လိုက်ပါ။ Brother scanner များသည် သင့်စာရွက်စာတမ်းများကို သင့် USB ထဲသို့ file format များစွာကို တိုက်ရိုက်ပြောင်းလဲ သိမ်းဆည်းနိုင်ပါသည်။
Scan to Network Folder

SCAN TO NETWORK FOLDER (CIFS/SMB)

သင့်ကုမ္ဗဏီကွန်ယက်ထဲမှ ဝန်ထမ်းများစွာ အသုံးပြုနိုင်သည့် Folder သို့မဟုတ် လုံခြုံသည့် Folder ထဲသို့ တိုက်ရိုက်မျှဝေ သိမ်းဆည်းလိုက်ပါ။ Scan to Network Folder (CIFS/SMB) ဖြင့် scanning ဆော့ဝဲလ်၊ middleware နှင့် ကွန်ပျုတာ ကြားခံစရာမလိုဘဲ သင့်ရဲ့ Network Folder ထဲသို့ တိုက်ရိုက် scan လုပ်နိုင်ပါသည်။

Scan to FTP

SCAN TO FTP

Scan ဖတ်ထားပြီး စာရွက်စာမ်းများကို Brother scanner ၏ control panel မှ တိုက်ရိုက် သိမ်းဆည်းမျှဝေလိုက်ပါ။ Scan to FTP က ကွန်ပျုတာနှင့် အခြား သီးသန့် FTP ဆော့ဝဲလ် မလိုအပ်ပဲ သင့် scan လုပ်ပြီးသားစာရွက်စာများကို File Transfer Protocol ကို တိုက်ရိုက်တင်ခွင့်ပြုပါသည်။
Scan to PDF

SCAN TO SINGLE PAGE PDF

အရေးပါသည့် scanning နှင့် digital တစ်မျက်နှာစာရွက်အဖြစ် တစ်ခုချင်းသိမ်းရာတွင် ထိရောက်မှုအတွက် Scan to Single Page PDF လုပ်ဆောင်ချက်ကို သုံးပါ။ ဒါကြောင့် သင်အချိန်သက်သာပြီး သင့်ရဲ့ အရေးပါတဲ့ ခေါင်းဆိုင်ပိုင်းခန့်ခွဲမှုတွေကို အခက်အခဲမရှိ လုပ်ဆောင်နိုင်ပါသည်။

Scan to PDF/A

SCAN TO PDF/A

သိမ်းဆည်းပြီး ကြာရှည်အသုံးပြုမည့် digital စာရွက်စာတမ်းများကို ISO အဆင့်သတ်မှတ်ချက် format ဖြစ်သည့် PDF/A ဖိုင်များအဖြစ် စတင် scan ဖတ်လိုက်ပါ။ အနာဂတ်တွင် အခြား application များဖြင့် အသုံးပြုသည့် အခါတွင်ပင် မူရင်းပုံစံကို ထိန်းသိမ်းထားလိုက်ပါ။

Scan to OCR

SCAN TO OCR

သင့် scan ဖတ်ထားသည့် စာရွက်စာတမ်းများကို ပြုပြင်ပြောင်းလဲနိုင်သည့် Optical Character Recognition (OCR) နည်းပညာကို ပြောင်းလဲလိုက်ပါ။ Scan to OCR လုပ်ဆောင်ချက် ပေါင်းစပ်ပါဝင်တာကြောင့် သင့်ရဲ့ print လုပ်ပြီးသား စာရွက်စာတမ်းကို ပြုပြင်နိုင်သည့် Microsoft Word ဖိုင်သို့ Brother scanner များပေါ်တွင် ပြောင်းလဲနိုင်ပါသည်။
Barcode Utility

BARCODE UTILITY

စာရွက်စာတမ်း အများအပြားကို အလွယ်တကူ scan ဖတ်၊ သိမ်းဆည်းပြီး နာမည်ပြောင်းခြင်း ပြုလုပ်လိုက်ပါ။ Barcode Utility ဆော့ဝဲလ်က သင် scan ဖတ်သည့် စာရွက်များကို ဘားကုဒ် အချက်အလက် အလိုအလျောက်ထည့်သွင်းပြီး သင့်လျော်သည့် နေရာအသီးသီးတွင် သိမ်းဆည်းပေးခြင်းဖြင့် သင့် အလုပ်ပြီးမြောက်နှုန်းကို မြင့်တက်စေပါသည်။

စိတ်တိုင်းကျပြင်ဆင် အသုံးပြုနိုင်ခြင်း

သင့်ရဲ့ Brother scanner ကို သင့်ရဲ့လုပ်ငန်းလိုအပ်ချက်၊ လုပ်ငန်းခွင်သတ်မှတ်ချက်နှင့် ကိုက်ညီအောင် စိတ်တိုင်းကျ ပြင်ဆင်အသုံးပြုလိုက်ပါ။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူအဖွဲ့က သင်လိုအပ်တဲ့ firmware နှင့် touchscreen control panel အတိအကျကို ဖန်တီးဖို့ ပူးပေါင်းမှာပါ။

Brother Special Solutions Customisation

BROTHER SPECIAL SOLUTIONS CUSTOMISATION

Brother Special Solutions Customisation(SSC) က သင့် scanning လုပ်ငန်းခွင်အတွက် ပုံမှန်အသုံးပြုဖို့လိုအပ်တဲ့ ဆော့ဝဲလ်ကို ဖန်တီးပေးနိုင်မှာပါ။ သင့်ရဲ့ လုပ်ငန်းဆောင်ရွက်ပုံများနှင့် ကိုက်ညီပြီး အလုပ်ပြီးမြောက်မှုကို အကောင်းဆုံးပံ့ပိုးပေးနိုင်ရန် Brother ကုန်ပစ္စည်းများကို စိတ်တိုင်းကျပြင်ဆင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူအဖွဲ့က ပူးပေါင်းဆောင်ရွက်မှာပါ။ လုပ်ဆောင်ချက်တစ်ခုလုံး အဆက်မပြတ်လုပ်ဆောင်နိုင်ရန် Brother SSC က firmware ထည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးမှာပါ။

Brother Solutions Interface

BROTHER SOLUTIONS INTERFACE

ယခု web-based service platform က ဆော့ဝဲလ်ရေးဆွဲသူများ၊ စနစ်ထိန်းသိမ်းပေးသည့်လုပ်ငန်းများနှင့် အဆင့်မြင့်ပြန်လည်ရောင်းချသူများက လုပ်ငန်းလိုအပ်ချက်ကို ကျော်လွန်နိုင်ရန်လိုအပ်သည့် ကိုယ်ပိုင်ဆော့ဝဲလ်ကို အလွယ်တကူဖန်တီးနိုင်ရန် ကူညီပေးမှာပါ။ အထစ်အငေါ့မရှိဘဲ ကြားခံဆော့ဝဲလ်များဖြင့် ပေါင်းစပ်နိုင်ခြင်းနှင့် အပြည့်အဝ နောက်ပြန် ပြင်ဆင်နိုင်ခြင်းကဲ့သို့ အဆင့်မြင့် စိတ်တိုင်းကျပြင်ဆင်နိုင်ခြင်းကို ရယူလိုက်ပါ။ BSI က သင့် scanner များစွာ၏ setting ကို အလွယ်တကူထည့်သွင်းနိုင်ရန် သင့်ဆော့ဝဲလ်များကို သိမ်းဆည်းကာ ရုံးတွင်း သို့မဟုတ် cloud-based server များတွင် ထည့်သွင်းအသုံးပြုခွင့်ပြုသည်။

Custom User Interface

CUSTOM USER INTERFACE

အထူးထုတ် Brother scanner များတွင် အသုံးပြုနိုင်ပြီး သင့်စက်ရဲ့ control panel ကို သင့်လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီရန် စိတ်တိုင်းကျ မျက်နှာပြင်ဒီဇိုင်းက ပြောင်းလဲပေးပါသည်။ ၎င်းတွင် သင့်ကုမ္ဗဏီ၏ brand guidline နှင့်ကိုက်ညီပြီး သင့်လုပ်ငန်း လုပ်ဆောင်ပုံနှင့် တစ်ထပ်တည်းကျမည့် စိတ်တိုင်းကျ touchscreen မျက်နှာပြင်ဒီဇိုင်းကို ဖန်တီးနိုင်စွမ်း ပါဝင်ပါသည်။

ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ထံ ဖုန်းခေါ်ပါ ဒါမှမဟုတ် မက်ဆေ့ချ် ချန်ထားခဲ့ပါ။

  • အရေးပေါ် ဝန်ဆောင်မှု ဖုန်းလိုင်း
  • အီးမေးလ်ပို့ပါ

    info@alliancestars.biz သို့ အီးမေးလ်ပို့ပါ။