MOBILE PRINT ထုတ်ခြင်း

ငွေလက်ခံ ဖြတ်ပိုင်းများ သို့မဟုတ် အထူးအစီရင်ခံစာများကို အလျှင်အမြန် print ထုတ်ဖို့လိုအပ်လာတာပဲဖြစ်ဖြစ် Brother ၏ mobile print နည်းပညာများက အလုပ်လုပ်တဲ့အခါ သင့်ကို မြန်ဆန်စေပြီး အနှောင့်အယှက်ကင်းကင်းနဲ့ လုပ်ဆောင်ခွင့်ပေးမှာပါ။ အကြမ်းခံပြီး ကြိုးမဲ့ချိတ်ဆက် လုပ်ဆောင်ချက်တွေ ထည့်သွင်းတည်ဆောက်ထားသည့် Brother ၏နည်းပညာများဟာ သင်ဘယ်နေရာမှာပဲအလုပ်လုပ် အခက်အခဲဆုံးအချိန်တွေမှာတောင် ယုံကြည်မှုရှိစေမှာပါ။

Mobile Printers

MOBILE PRINTERS များ

Brother ၏ mobile print နည်းပညာတွေနဲ့ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် သင် အလုပ်လုပ်နိုင်ပါတယ်။ သယ်ဆောင်ရသွယ်ပြီး ပေါးပါးသည့် printers တွေက ကြိုးမဲ့ချိတ်ဆက်ခြင်းတွေပြုလုပ်နိုင်သည့်အတွက် Bluetooth သို့မဟုတ် USB တွေများနှင့် ချိတ်ဆက်ပြီး အရည်အသွေးကောင်း print များကို လုပ်ရင်းကိုင်ရင်းနဲ့ ထုတ်နိုင်ပါသည်။
Thermal Solutions

THERMAL နည်းပညာ

မှင်ဖြည့်ရတာတွေ မှင်တောင့် နှင့် drums များလဲလှယ်ရတာတွေကို ရှင်းပစ်လိုက်ပါတော့။ Brother ၏ thermal labelling နှင့် mobile print နည်းပညာများက ထိန်းသိမ်းရလွယ်ကူပြီး သင့်စီးပွားရေးလုပ်ငန်းကို ကုန်ကျစရိတ်သက်သက်သာသာနှင့် လည်ပတ်နိုင်ပါသည်။

APPLICATIONS များ

သင်သည် အရေးပေါ်ကိစ္စလို အလျင်အမြန်လုပ်ရသည့် အခန်းကဏ္ဍတွင်ရှိနေတဲ့အခါမျိုး နောက်ပြီး ခွဲစိတ်ကုသသည့် နေရာမျိုးရောက်နေခဲ့ရင် အရမ်းကို အလုပ်တွေရှုပ်ယှက်ခက်ပြီး လုပ်ကိုလုပ်နေရမှာပါ။ Brother ၏ thermal mobile print နည်းပညာများက အချိန်မရွေး နေရာမရွေး အသုံးပြုဖို့ စာရွက်စာတမ်းတွေ အလွယ်တကူ print ထုတ်ဖို့ ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ ရှာဖွေပါ။

Public Safety & Emergency Services

အများပြည်သူ လုံခြုံမှုနှင့် အရေးပေါ်ဝန်ဆောင်မှုများ

အလွယ်တကူအသုံးပြုနိုင်သည့် mobile print နည်းပညာများက အကြမ်းခံပြီး လုပ်ကိုင်ရလွယ်ကူသည့်အတွက် ကိုင်တွယ်ရခက်ခဲသည့် အနေအထားမျိုးမှာ သင့်ကို အကူအညီဖြစ်စေပါတယ်။

 

အသုံးပြုပုံများ

  • အညွှန်း နှင့် ဒဏ်ကြေးများ - ယာဉ်ပေါ်တွင် အမျိုးမျိုး တပ်ဆင်အသုံးနိုင်သည့် ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသည့်အတွက် အကျိုးရလဒ်ကောင်းများရရှိနိုင်ပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် စာရွက်ဆိုဒ်ပြည့် သို့မဟုတ် ဆိုဒ်သေးငယ်သည့် အညွှန်းများ၊ labels များနှင့် အခြားအရာများကိုလည်း အလျှင်အမြန် print ထုတ်နိုင်သည်။
  • အမှားအယွင်းများ နှင့် ဖြစ်ရပ်များ အစီရင်ခံခြင်း - လုပ်ငန်းခွင်အတွင်း ထုတ်လုပ်မှုများမှားယွင်းခြင်းနှင့် ဖြစ်ရပ်များကို တိကျမှုမှန်ကုန်ဆုံးအဖြစ်အောင် အစီရင်ခံတင်ပြသည်။
  • လူနာများ၏ မှတ်တမ်းများ - လူနာတွေရဲ့ မှတ်တမ်းတွေကို A4 စာရွက်ဆိုဒ်အထိ print ထုတ်ပေးနိုင်ပြီး အရေးပေါ်ဝန်ဆောင်မှုများကိုလည်း အမြန်ပြီးမြောက်စေသည်။
Field Operations

လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်ခြင်းများ

အာရုံစိုက်စရာမလိုသည့် ချိတ်ဆက်ခြင်းတွေနှင့် mobile print လုပ်ဆောင်မှုများက sales and service လုပ်ငန်းခွင်တွင် လုပ်ကိုင်သူများကို အထောက်အကူဖြစ်စေပါသည်။

 

အသုံးပြုပုံများ

  • ထိန်းသိမ်းမှု တင်ပြချက်များ - သင့် mobile ဖုန်းမှတစ်ဆင့် Brother ၏ mobile print နည်းပညာတွေကိုအသုံးပြုပြီး မြန်ဆန်တိကျသည့် တင်ပြချက်များ ထုတ်လိုက်ပါ။ ဒီလိုလုပ်ဆောင်ချက်ပါဝင်သည့်အတွက် သင့်ဝန်ဆောင်မှုလုပ်ငန်းခွင်၏ လိုအပ်ချက်မြင့်တက်ခြင်းကို မရှိစေပါဘူး။
  • လမ်းကြောင်း စစ်ဆေးခြင်း- အရောင်းဖြတ်ပိုင်းများ၊ ဝယ်ယူသူများ၏ လက်ခံဖြတ်ပိုင်းများ၊ အော်ဒါစာရွက်အသစ်များကို များပြားလှသည့် Brother ၏ ကြိုးမဲ့ဆက်သွယ်မှုများကို မတူညီသည့် mobile printers များဖြင့်ချိတ်ဆက် ထုတ်လုပ်ခြင်းဖြင့် အမှားနည်းနိုင်သမျှအနည်းဆုံး၊ ပျက်ဆီးမှုများလျှော့ချနိုင်ခြင်း နှင့် ကုန်ပစ္စည်းစာရင်းများကို ပိုကောင်းမွန်အောင် စီမံခန့်ခွဲနိုင်ပါသည်။
  • စာရွက်စာတမ်းများ ဖျက်ဆီးခြင်းမှ ကာကွယ်ထိန်းချုပ်ခြင်း- စစ်ဆေးရရှိသော မှတ်တမ်းများ၊ bait mapping လုပ်ခြင်းနှင့် လိုက်နာရန်စာရွက်စာတမ်းများကို စာမျက်နှာပြည့် print မထားထုတ်နိုင်ပါသည်။

SOFTWARE DEVELOPMENT KITS

အလုပ်ရှုပ်သက်သာစေပြီး စိတ်ကြိုက်ဖန်တီးနိုင်သည့် label များကပ်ခြင်းနှင့် mobile print စွမ်းဆောင်ရည်များကို လက်ရှိစီးပွားရေးလုပ်ငန်းမှာ အသုံးပြုနေသည့် applications များတွင် ပေါင်းစပ်လိုက်ပါ။ Brother ၏ Software Development Kits (SDKs) နှင့်အတူ သင့်ရဲ့ mobile print တိုးတက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်အောင် ရှုပ်ထွေးစေမည့် ကိစ္စရပ်တွေကို ဖယ်ရှားပစ်နိုင်မှာမို့ ဘယ်အချိန်ပဲဖြစ်ဖြစ် သင် print ထုတ်နိုင်တာပေ့ါ။

Brother Mobile SDK

BROTHER MOBILE SDK

သင့်ရဲ့စီးပွားရေးလုပ်ငန်းသုံး mobile app များကို label print လုပ်ဆောင်မှုများဖြင့် မြှင့်တင်လိုက်ပါ။ Brother Mobile SDKs များက ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် mobile printers များနှင့် တပြိုင်တည်း အလိုလျောက် update ဖြစ်စေတဲ့အတွက် ထပ်ကာထပ်ကာပြန်ပြီး လုပ်စရာမလိုအပ်လို့ သင့်ရဲ့ app မှတဆင့် အစီရင်ခံစာများ၊ လက်ခံဖြတ်ပိုင်းတွေကို ပိုပြီးဖန်တီးနိုင်ပါတယ်။

ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ထံ ဖုန်းခေါ်ပါ ဒါမှမဟုတ် မက်ဆေ့ချ် ချန်ထားခဲ့ပါ။

  • အရေးပေါ် ဝန်ဆောင်မှု ဖုန်းလိုင်း
  • အီးမေးလ်ပို့ပါ

    info@alliancestars.biz သို့ အီးမေးလ်ပို့ပါ။