LABEL PRINTING

လုပ်ငန်းနေရာများစွာအတွက် အကြမ်းခံနိုင်ပြီး မျိုးစုံအသုံးပြုနိုင်တဲ့ label များကို စိတ်ကြိုက်ပြုလုပ်လိုက်ပါ။ ကုန်ထုတ်လုပ်ငန်းမှ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆက်သွယ်ရေးကဏ္ဍမှ ဟိုတယ်စီမံခန့်ခွဲခြင်းအထိ ဘယ်လုပ်ငန်းနေရာမဆို ပုံစံမျိုးစုံဖြင့် အသုံးပြုနိုင်ရန်အတွက် Brother label printing နည်းပညာများကို ဖန်တီးထားသည်။

ELECTRICAL & AUTOMATION

LABEL PRINTERS

Brother ရဲ့ အသုံးပြုရလွယ်တဲ့ label printer များဖြင့် တံဆိပ်များနှင့် ပစ္စည်းအမှတ်အသားများကို ချက်ချင်းပြုလုပ်လိုက်ပါ။ ချိတ်ဆက်နိုင်မှုပုံစံများစွာနှင့် ရွေးချယ်စရာ အသင့်ပါ template များစွာကြောင့် ကုန်စည်ရောင်းချမှု၊ အစားအစာများ၊ စာပို့လုပ်ငန်းနှင့် အခြားလုပ်ငန်းများစွာကဲ့သို့ ကွဲပြားသည့်လုပ်ငန်းနယ်ပယ်များတွင် အသုံးဝင်သောကြောင့် အကောင်းဆုံးဖြစ်ပြီး ဘယ်အချိန် ဘယ်နေရာမဆို သင့်ကို အလုပ်တွင်အောင် ကူညီပေးမှာပါ
BROTHER TZE LAMINATED LABELS

BROTHER TZE LAMINATED LABELS

ကြာရှည်ခံနိုင်မှု အကောင်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားပြီး Brother TZe Laminated Labels များက အကြမ်းခံနိုင်အောင် laminated film အကြည်ဖြင့် ကာကွယ်ထားပါသည်။ Brother's laminated label များဟာ ပွန်းပဲ့ဒဏ်၊ ပြင်းထန်သောအပူရှိန်၊ ရေ၊ ဓာတုပစ္စည်းနှင့် နေရောင်ခြည်ထိသောနေရာများတွင် အသုံးပြုရန် အသင့်လျော်ဆုံးဖြစ်သည်။
BROTHER IPRINT&LABEL

BROTHER IPRINT&LABEL

သင်လိုအပ်သည့် label များကို မိုဘိုင်းလ်ဖုန်းပေါ်မှ print ထုတ်လိုက်ပါ။ အခမဲ့ Brother iPrint&Label App ဖြင့် သင့် စမတ်ဖုန်း gallery သို့မဟုတ် ကင်မရာ သို့မဟုတ် သင့် Brother label printer တိပ်အရွယ်အစားသို့ အလိုအလျောက်ပြောင်းပေးမယ့် အသင့်ပါပြီး template များဖြင့် သင့်စိတ်ကြိုက် label များကို ဖန်တီးလိုက်ပါ။

APPLICATIONS IN WORK ENVIRONMENT

Brother ၏ နည်းပညာအထောက်ပံရရှိနိုင်တဲ့ လုပ်ငန်းခွင်များဟာ လျှပ်စစ်နှင့် automation လုပ်ငန်းခွင်များ၊ telecom နည်းပညာများ နှင့် အချက်အလက် ဆက်သွယ်ပေးပို့ချက်များ၊ ကုန်ထုတ်လုပ်မှုများ၊ warehouse နှင့် အထောက်အပံ့ပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ဓာတ်ခွဲခန်းများ၊ hospitality & hotel management များ နှင့် အထွေထွေလုပ်ငန်းခွင် အသုံးပြုမှုများ ပါဝင်ပြီး Brother ၏ label print နည်းပညာများကလည်း တိုးတက်လာသလို သင့်ရဲ့ လုပ်ငန်းခွင်မှ အထူးလိုအပ်ချက်များကိုလည်း ဆရာကျမယ့် ဖန်တီးပြုလုပ်ခွင့်ကိုလည်း ပံ့ပိုးပေးထားပါတယ်။

ELECTRICAL & AUTOMATION

လျှပ်စစ် နှင့် AUTOMATION

လျှပ်စစ်ကြိုးများ၊ ခလုတ် panel များ၊ လျှပ်စစ်လမ်းကြောင်းထိန်း panel များ၊ လျှပ်စစ်ဖြန့်ဝေသည့်နေရာများကို အရွယ်အစားမျိုးစုံ အရောင်မျိုးစုံပါဝင်ပြီး အကြမ်းခံသည့် laminated label များဖြင့် သတ်မှတ်ခွဲခြားလိုက်ပါ။

အသုံးပြုပုံများ
  • ပြွှန်ဖြင့်မှတ်သားခြင်း။ ။ကြိုးများစွာကို မှတ်သားရာတွင် အလိုအလျောက် အစီအစဉ်တကျထုတ်ပေးသော printing စနစ်နှင့် အရည်အသွေးမြင့်မားသော PVC အမှတ်အသားပြုသည့်ပြွှန်များကို အသုံးပြုလိုက်ပါ။
  • Automation Panel။ ။A/B အချက်အလက်မှတ်သားစနစ်ကို လူကိုယ်တိုင်ဖန်တီးရခြင်းကို ဖြတ်တောက်ဖို့အတွက် cross-ID လုပ်ဆောင်ချက်ကို သုံးလိုက်ပါ။
  • သတိပေးအမှတ်အသား။ ။UV နှင့် ဓာတုပစ္စည်းခံနိုင်ရည်ရှိသော သတိပေး label များကို ဆွဲဆောင်မှုရှိသော အလင်းထွက်သည့် အဝါရောင်နှင့် လိမ္မော်ရောင်ဖြင့် print ထုတ်လိုက်ပါ။
TELECOM AND DATA COMMUNICATIONS

TELECOM နှင့် DATA COMMUNICATION ကဏ္ဍများ

အသံနှင့် data ကြိုးများ တပ်ဆင်ခြင်းနှင့် သတ်မှတ်ခွဲခြားခြင်းတို့အတွက် ကြမ်းတမ်းသည့် ပြင်ပပတ်ဝန်းကျင်ဒဏ်ခံနိုင်သော laminated label များကို အသုံးပြုလိုက်ပါ။

 

အသုံးပြုပုံများ

  • Panel သတ်မှတ်ခြင်း။ ။နေရာအများအပြားတပ်ဆင်ရသည့် ကြီးမားသည့်တပ်ဆင်မှုများကို Microsoft Access သို့မဟုတ် Excel databases ကိုသုံးပြီး အစဉ်လိုက် label များကို ဖန်တီးပြီး အဆက်မပြတ် ပေါင်းစပ်မှုကို လုပ်ဆောင်လိုက်ပါ။
  • Structured Cabling။ ။ရိုးရှင်းလွယ်ကူရန် ချို့ယွင်းချက်ရှာဖွေရန်နှင့် လုပ်ငန်းနှင့်ကိုက်ညီရန် အဆင့်မြင့်လုပ်ငန်းသုံး label စနစ်ကို ဆောင်ရွက်လိုက်ပါ။
  • Rack သတ်မှတ်စနစ်။ ။သင့်ရဲ့ Rack အမျိုးအစားခွဲခြင်းနှင့် သင်လိုချင်သည့် Rack အမျိုးအစားကိုရှာဖွေပေးခြင်းဖြင့် လုပ်ဆောင်မှုများကို လွယ်ကူအောင် ဆောင်ရွက်ပေးခြင်း။
MANUFACTURING

ကုန်ထုတ်လုပ်ခြင်း

ပြင်းထန်သောဖိအား၊ အမဲဆီချောဆီများနှင့် အခြားပြင်းထန်သည့် အခြေအနေများရှိသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များဖြတ်သန်းရသောအခါတွင် မူလအတိုင်း ရှိပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်သော laminated label များကို အသုံးပြုပါ။

အသုံးပြုပုံများ

  • အမှတ်အသားပြု label များ။ ။ကုန်များစွာထုတ်လုပ်ရာတွင် အဆက်မပြတ်မှတ်သားထားနိုင်ရန် လိုအပ်သည့် QR code အမှတ်အသား label များကို ဖန်တီးလိုက်ပါ။
  • Calibration Labels။ ။အသုံးပြုသူများ၏ တန်ဖိုးရှိသည့် ပစ္စည်းများကို နောက်တစ်ကြိမ်စစ်ဆေးထိန်းသိမ်းရန် လိုအပ်သည့်အချိန်ကို သတိပေးရန်အတွက် ကြာရှည်ခံသည့် laminated label များကို ဖန်တီးလိုက်ပါ။
  • 5S Labels။ ။အရည်အသွေးမြင့် ကြာရှည်ခံသည့် ထိန်းသိမ်းမှု သတိပေးနှင့် ညွှန်ကြားချက်၊ လုပ်ငန်းခွင်များအတွက် အမှတ်အသား label များကို ဖန်တီးလိုက်ပါ။

 

WAREHOUSE & LOGISTICS

ကုန်သိုလှောင်ခြင်းနှင့် ပို့ဆောင်ခြင်း ကဏ္ဍများ

ဓာတုပစ္စည်းများ၊ ပြင်းထန်သော အပူချိန်များနှင့် ကြမ်းတမ်းသည့် ကုန်သိုလှောင်ရုံအခြေအနေများတွင်ပင် စိတ်ချနိုင်ပြီး ရှင်းလင်းစွာမြင်နိုင်သော laminated label များ၏ အားသာမှုကို ရယူလိုက်ပါ။

 

အသုံးပြုပုံများ

  • Shipping Labels။ ။Shipping label အများအပြား အလုပ်များသည့်အချိန်တွင်ပင် အလွယ်တကူ print ထုတ်လိုက်ပါ။
  • Air Waybills။ ။ထိရောက်စွာ ခြေရာခံနိုင်ပြီး နိုင်ငံတကာ လေကြောင်းအဆင့်အတန်းနှင့် ကိုက်ညီသည့် Air Waybills များကို print ထုတ်လိုက်ပါ။
  • စင်များကို စီမံခန့်ခွဲခြင်း။ ။သင့်ရဲ့ ရှိပြီးသား database ထဲသို့ အမှတ်အသားကတ်များ ထည့်သွင်းရန် asset management tools ဖြင့် ပေါင်းစပ်သုံးနိုင်သည့် လက်ကိုင် label printer များဖြင့် ကုန်သိုလှောင်ရုံကို စနစ်တကျ စီမံလိုက်ပါ။
HEALTHCARE AND LABORATORIES

ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဓာတ်ခွဲခန်းများ

ဓာတုပစ္စည်းဒဏ်ခံနိုင်ရည်ရှိသော ကြာရှည်ခံ label များနှင့် ပွတ်တိုက်မှုဒဏ်ခံနိုင်သော label များ နှင့် အရည်မပျော်နိုင်သည့် calibration လုံခြုံရေး label များကို ထိထိရောက်ရောက် အသုံးပြုလိုက်ပါ။

 

အသုံးပြုပုံများ

  • Asset Management and Calibration Labels။ ။သင့်ကို ပြင်ဆင်ထိန်းသိမ်းဖို့ သတိပေးမည့် label များဖြင့် တန်ဖိုးရှိသော ဆေးရုံသုံးကိရိယာများကို စောင့်ကြည့်ပြီး သင့်လျော်သော လုပ်ငန်းအခြေအနေတွင် အသုံးပြုပါ။
  • လူနာလက်ပတ်များ ။ ။ စောင့်ရှောက်မှုတွင် အသုံးများသည့် Brother Patient ID Printing နည်းပညာကို အကောင်းဆုံး အသုံးချလိုက်ပါ။
  • ဆေးညွှန်း label များ ။ ။ ရှင်းလင်းသည့် ဆေးညွှန်းများကို ရေနှင့် အရောင်မှိန်ခြင်းမရှိသော label များပေါ်တွင် print ထုတ်လိုက်ပါ။
HOSPITALITY & HOTEL MANAGEMENT

HOSPITALITY & HOTEL MANAGEMENT

သင့် ဟိုတယ်၊ အခမ်းအနား နှင့် စားသောက်ပွဲများတွင် လိုအပ်သည့် အရည်အသွေးမြင့် label များဖြင့် အကောင်းဆုံးဧည့်ဝန်ဆောင်မှုကို ပေးလိုက်ပါ။

အသုံးပြုပုံများ

  • အစားအစာလုံခြုံမှု ။ ။ အစားအစာတည်ခင်းခြင်း၊ ပို့ဆောင်ခြင်းနှင့် ထုတ်ယူခြင်းတို့အတွက် expiry label များနှင့် အေးခဲသိမ်းဆည်းရန် အချိန်အမှတ်အသား label များဖြင့် လုပ်ငန်းအရည်အသွေးကို ရယူလိုက်ပါ။
  • နာမည်အမှတ်အသား ။ ။ လိုအပ်တဲ့ ပုံစံ အရည်အသွေးမြင့်သည့် နာမည်အမှတ်အသားများကို ဖန်တီးလိုက်ပါ။
  • ငွေလက်ခံများ ။ ။ Wi-Fi® နှင့် Bluetooth® connectivity မှ ကြိုးမဲ့ print ထုတ်နိုင်သလို သို့မဟုတ် Microsoft® SQL Server®, Access®, နှင့် Excel® database များမှ ကွန်ပျုတာဖြင့်ချိတ်ဆက်ကာ အသုံးပြုနိုင်ပါသည်။

 

Brother Food Management Labelling Solutions: Download

 
GENERAL BUSINESS APPLICATIONS

အထွေထွေလုပ်ငန်းခွင် အသုံးပြုပုံများ

သင့်ရဲ့ နိုင်ငံတကာ လုပ်ငန်းများ၏ ကျယ်ပြန့်သောလိုအပ်ချက်များအတွက် ကြာရှည်ခံပြီး ကုန်ကျစရိတ်သက်သာသည့် label များကို ဖန်တီးလိုက်ပါ။

 

အသုံးပြုပုံများ

  • ဧည့်သည်စီမံခန့်ခွဲခြင်း ။ ။ ကြားခံ ဆော့ဝဲလ်များနှင့်တွဲပြီး အထစ်အငေါ့မရှိ အသုံးပြုနိုင်သည့် Brother label printer များဖြင့် အရည်အသွေးမြင့် ဧည့်သည်တံဆိပ်များကို ဖန်တီးလိုက်ပါ။
  • Files နှင့် Folders များ မှတ်သားခြင်း ။ ။ လွယ်ကူပြီး ကြာရှည်ခံသည့် စီစဉ်နေရာချမှုအတွက် အရွယ်အစားနှင့် အရောင်မျိုးစုံရနိုင်သည့် ကြာရှည်ခံသော laminated label များးကို print ထုတ်လိုက်ပါ။
  • Asset Tags ။ ။ IT ကိရိယာများနှင့် အခြားပစ္စည်းများကို ရှင်းလင်းပြီး ကြာရှည်ခံသည့် label များဖြင့် မြန်ဆန်ထိရောက်စွာ မှတ်သားလိုက်ပါ။

SOFTWARE DEVELOPMENT KITS

သင့်ရဲ့လက်ရှိဆော့ဝဲလ်များအတွက် ကိုယ်ပိုင် labelling နှင့် mobile printing ဆော့ဝဲလ်တည်ဆောက်ရသည့် ခက်ခဲသည့်အလုပ်များကို ရပ်တန့်လိုက်ပါ။ Brother Software Development Kits(SDKs) က အဲ့ဒီ့စွမ်းဆောင်ရည်တွေကို သင့်ရဲ့ လက်ရှိ လုပ်ငန်းသုံး ပရိုဂရမ်ထဲကို အလွယ်တကူပေါင်းထည့်စေနိုင်မှာပါ။

B-PAC SDK

B-PAC SDK

Label printing လုပ်ဆောင်ချက်ကို သင့်ရဲ့လက်ရှိစနစ်ထဲ ပေါင်းထည့်ခြင်းဖြင့် ကုန်ကျစရိတ်ချွေတာလိုက်ပါ။ b-PAC SDK က သင့်ကို မည်သည့်ကြားခံဆော့ဝဲလ်မလိုဘဲ စာလုံး၊ ဘားကုတ်၊ ပုံနှင့် လိုဂိုများ အလွယ်တကူ ပေါင်းစပ် label printing လုပ်နိုင်စေမှာပါ။ Coding အခြေခံနားလည်ရုံဖြင့် သင့်ဝန်ထမ်းအဖွဲ့က လွယ်လွယ်ကူကူ ပေါင်းစပ်နိုင်မှာပါ။

ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ထံ ဖုန်းခေါ်ပါ ဒါမှမဟုတ် မက်ဆေ့ချ် ချန်ထားခဲ့ပါ။

  • အရေးပေါ် ဝန်ဆောင်မှု ဖုန်းလိုင်း
  • အီးမေးလ်ပို့ပါ

    info@alliancestars.biz သို့ အီးမေးလ်ပို့ပါ။