နောက်ဆုံးအသစ်ထွက်သည်များသို့ပြန်သွားရန်

Brother ၏ထုတ်ပိုးမှုပုံစံအသစ်၊ယခင်မူလအရည်အသွေးနှင့်ယုံကြည်စိတ်ချရမှု

2021 08 16
ကုန်ပစ္စည်းသတင်း

Brother သည် laser toner ၏ထုတ်ပိုးမှုကိုပုံစံအသစ်ဖြင့်ပြောင်းလဲထုတ်လုပ်ထားသောကြောင့် သင့်၏ Brother printer အတွက်လိုအပ်သောအစားထိုးထောက်ပံ့ပစ္စည်းများကို အလွယ်တကူခွဲခြားသိရှိနိုင်ပါသည်။

၆ရက် ဩဂုတ်လ ၊ စင်ကာပူ – ယုံကြည်စိတ်ချရခြင်း၊ကြာရှည်အသုံးခံခြင်းနှင့်အကောင်းဆုံးအရည်သွေးတို့ကြောင့် ထင်ရှားကျော်ြကားသော ကမ္ဘာ့အဆင့်မှီ Brother ၏ printing ဝန်ဆောင်မှုများသည် နှစ်ရှည်လများ စာမျက်နှာတိုင်းအတွက် အကောင်းဆုံးသော print အရည်အသွေးကိုပေးစွမ်းနိုင်အောင် တည်ဆောက်ထုတ်လုပ်ထားပါသည်။အဓိကအကြောင်းအရင်းမှာ သင်၏ Brother printer နှင့်အမြဲတမ်းအဆင်ပြေချောမွေ့စွာတွဲဖက်အသုံးပြုနိုင်သော Brother ၏မူလ original toner ထောက်ပံ့ပစ္စည်းများကြောင့်ဖြစ်ပါသည်။ပြန်လည် print ထုတ်ရန်လိုအပ်ခြင်း၊ print ထွက်သည့်အရည်အသွေးမကောင်းခြင်း သို့မဟုတ် ကြာရှည်တွင်မကြာခဏပြင်ဆင်ရခြင်းစသည့် ကုန်ကျစရိတ်များကိုလျှော့ချနိုင်ရန်ကူညီပေးပါသည်။

Brother မှ Brother laser printer များတွင်အသုံးပြုနိုင်သော စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များကိုဝယ်ယူသုံးစွဲသူ customer များအလွယ်တကူခွဲခြားနိုင်ရန်အတွက် ထုတ်ပိုးမှုပုံစံအသစ်သို့ပြောင်းလဲထားပါသည်။ ဒီဇိုင်းအသစ်ကြောင့်ဝယ်ယူသူတိုင်း Brother toner replacement အစစ်များကို တစ်ခြားစိတ်မချရသည့် ပြင်ပထောက်ပံ့ပစ္စည်းများနှင့်အလွယ်တကူခွဲခြားနိုင်ပါသည်။

ဘာကြောင့် Brother ၏စစ်မှန်ကောင်းမွန်သောထောက်ပံ့ပစ္စည်းများကိုရွေးချယ်သင့်ပါသလဲ ?

အဖြေကတော့ရိုးရှင်းပါသည်။Brother ၏ toner များသည် printing အကောင်းဆုံးအရည်အသွေးရရှိအောင်ထုတ်လုပ်ပေးနိုင်ရန်နှင့်သင့်၏ printer သက်တမ်းကိုပိုမိုတာရှည်ခံအောင် performance-tested လုပ်ဆောင်စစ်ဆေးပြီးဖြစ်ပါသည်။ စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များသည် Brother printer များနှင့်အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန် ထုတ်လုပ်ထားပြီး အရောင်စုံလင်မှုနှင့်ပုံအရည်အသွေးကို အကောင်းဆုံးရရှိနိုင်သည့်အပြင် မှင်များမှာလည်းစိတ်ချယုံကြည်ရကြောင်း သက်သေပြပြီးဖြစ်ပါသည်။

အချိန်တိုင်း အကောင်းဆုံး print အရည်အသွေးပေးစွမ်းနိုင်မှု

  • ကြာရှည်ခံသည့် ပြည့်စုံမှုအရှိဆုံး printout များထုတ်ပေးနိုင်ခြင်း - စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များသည် စွန်းထင်းခြင်း၊မှင်ပျံ့ခြင်းနှင့်အရောင်မှိန်ခြင်းတို့ကို ကာကွယ်ပေးနိုင်အောင်ထုတ်လုပ်ထားပါသည်။တစ်ခြားသောစစ်မှန်မှုမရှိသည့် ကုန်ပစ္စည်းတံဆိပ်များ၏ ၉၀ ရာခိုင်နှုန်းသည်ပြင်ပတွင်အသုံးပြုရန်အဆင်မပြေသည့် အရောင်အရည်အသွေး printout ကိုသာထုတ်ပေးနိုင်ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
  • တောက်ပစုံလင်သည့်အရောင်စုံကိုပေးနိုင်ခြင်း - အရောင်ထုတ်ပေးမှု colour production တွင်ကောင်းမွန်မှုမရှိသည့် စစ်မှန်မှုမရှိသောကုန်ပစ္စည်းတံဆိပ်များနှင့်ယှဉ်ကြည့်လျှင် စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များသည် အရောင်စုံလင်မှုအများဆုံးပါဝင်ပြီး ပထမစာမျက်နှာမှစ၍စာမျက်နှာအဆုံးထိ ပြောင်းလဲမှုမရှိဘဲ အရည်အသွေးမှန်ကန်ကောင်းမွန်သည့်အရောင်ကိုထုတ်ပေးနိုင်ပါသည်။
  • Cartridge တိုင်းတွင် colour science တိကျခြင်း - စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များသည် သင်လိုအပ်သည့်တိကျသော pantone colour အရောင်များကိုထုတ်ပေးနိုင်ရန် နောက်ဆုံးပေါ်အရောင်စီမံခန့်ခွဲမှုနည်းပညာဖြင့်ထုတ်လုပ်ထားပါသည်။

သင်အမြဲအားထားနိုင်သည့် ယုံကြည်စိတ်ချရမှုပေးနိုင်ခြင်း

  • ယုံကြည်စိတ်ချရမှုအဆင့်တွင် ၁၀၀ ရာခိုင်နှုန်းရှိခြင်း - စစ်မှန်မှုမရှိသည့်ထောက်ပံ့ပစ္စည်းများသည် ၁၀၀ ရာခိုင်နှုန်းတွင်အနည်းဆုံးတစ်ကြိမ် အမှားဖြစ်ပြီး စစ်မှန်ကောင်းမွန်သော Brother ၏ toner များသည် ၁၀၀ ရာခိုင်နှုန်းအပြည့်အဝအမှားအယွင်းမရှိဘဲ ယုံကြည်စိတ်ချရကြောင်းစစ်ဆေးထားပြီးဖြစ်ပါသည်။
  • Cartridge တိုင်းတွင် print ပိုမိုထုတ်နိုင်ခြင်း - စစ်မှန်မှုမရှိသည့်ကုန်ပစ္စည်းအမှတ်တံဆိပ်များသည် စာမျက်နှာ ၄၇,၁၇၁ ရွက်အောက်သာ print ထုတ်နိုင်ကြောင်းစစ်ဆေးသိရှိရပြီး စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များသည် စစ်မှန်မှုမရှိသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်များထက် ပုံမှန် ၅၇ ရာခိုင်နှုန်းပိုမိုထုတ်ပေးနိုင်ပြီး အကောင်းဆုံး print အရည်အသွေးကိုလဲပေးနိုင်ကြောင်းသက်သေပြပြီးဖြစ်ပါသည်။
  • မသိသာသောကုန်ကျစရိတ်များကိုလျှော့ချပေးနိုင်ခြင်း - စစ်မှန်မှုမရှိသည့်ကုန်ပစ္စည်းအမှတ်တံဆိပ်များသည် ပိုမိုဈေးသက်သာသည်ဟုထင်ရသော်လည်း လက်တွေ့စစ်ဆေးမှုများအရ ၆၈ ရာခိုင်နှုန်းသော စစ်မှန်မှုမရှိသည့် toner များသည် ပုံအရည်အသွေးညံ့ဖျင်းမှုကြောင့် အချိန်စောစွာလဲရန်လိုအပ်ပြီး အပိုကုန်ကျမှုများကိုဖြစ်ပေါ်စေပါသည်။

အမြင့်ဆုံးစိတ်ချရသည့်စံသတ်မှတ်ချက်များနှင့်ပြည့်စုံခြင်း

  • တိကျသော ISO စံသတ်မှတ်နှုန်းများနှင့်ပြည့်စုံအောင်စစ်ဆေးပြီးခြင်း - Brother ၏စစ်မှန်ကောင်းမွန်သော toner များသည် ကုန်ပစ္စည်းများအားလုံးကို Control of Substances Hazardous to Health (COSHH) ၏သတ်မှတ်ထားသောလမ်းညွှန်ချက်များနှင့်သေချာစွာ အမြင့်ဆုံးစိတ်ချရသည့်စံသတ်မှတ်ချက်များနှင့်စစ်ဆေးထားပြီးဖြစ်ပါသည်။
  • အန္တရာယ်များသောသတ္ထုထုတ်မှုမရှိခြင်း - စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များသည် တစ်ခြားစစ်မှန်မှုမရှိသည့်ကုန်ပစ္စည်းတံဆိပ်များကဲ့သို့ printer များအတွင်းတွင် toner အမှုန်များကျန်ရှိခဲ့ခြင်းမရှိပါ။ယခုကဲ့သို့ toner အမှုန်များကျန်ခဲ့ခြင်းသည် ယုံကြည်စိတ်ချရမှုပြဿနာဖြစ်ရုံမဟုတ်ဘဲ ကျန်းမာရေးအန္တရာယ်ရှိသော ဓာတုအဆိပ်ကိုပါဖြစ်စေနိုင်ပါသည်။
  • ညစ်ပတ်ပေကျံမှုနည်းပြီး အလုပ်ပိုမိုလုပ်ဆောင်နိုင်ခြင်း - Buyers Lab ၏စစ်ဆေးချက်များပြုလုပ်နေစဉ်အတွင်း စစ်မှန်ကောင်းမွန်သည့် Brother ၏ toner များသည် အပြင်သို့လုံးဝယိုစိမ့်မှုမရှိကြောင်းသိရှိရပါသည်။တစ်ခြားတစ်ဖက်တွင် ပြင်ပ third party toner များသည်အရည်အသွေးကောင်းမွန်မှုမရှိဘဲထုတ်လုပ်ထားပြီး ကုန်ပစ္စည်းတံဆိပ်တစ်ခုတွင် ဘူးထဲမှထုတ်ထုတ်ချင်း toner များသည် ၈၀ ရာခိုင်နှုန်းယိုစိမ့်မှုဖြစ်သည်ကိုတွေ့ရှိရပါသည်။

ကျွန်တော်တို့၏ထုတ်ပိုးမှုပုံစံအသစ်တွင် မည်သည့်အရာများပြောင်းလဲသွားပါသလဲ?

အောက်တွင်ဖော်ပြထားသောပုံကဲ့သို့ ထုတ်ပိုးမှုပုံစံအသစ်ပြောင်းလဲထားပြီး ထုတ်ပိုးမှုပုံစံကိုသာပြောင်းလဲထားခြင်းဖြစ်ပါသည်။ထုတ်ပိုးမှုအသစ်ပြောင်းလဲမှုသည် နောက်လအနည်းငယ်အတွင်း ဈေးကွက်တွင်စတင်တွေ့ရှိရမည်ဖြစ်ပြီး ဝယ်ယူသူ customer များသည် ရောင်းချသောဆိုင်များတွင် ထုတ်ပိုးမှုပုံစံအသစ်ကော လက်ရှိထုတ်ပိုးမှုပုံစံကိုပါတွေ့ရနိုင်ပါသည်။ ထုတ်ပိုးမှုပြောင်းလဲထားသော်လည်း အထဲတွင်ပါဝင်သော toner cartridge သည် အရင်သင်ယုံကြည်စိတ်ချရပြီး အရည်အသွေးကောင်းမွန်သောကုန်ပစ္စည်းနှင့်အတူတူပဲဖြစ်ပါသည်။

New-packaging-design

Brother ပေးစွမ်းနိုင်သည့်အရည်အသွေးများအကြောင်းလေ့လာရန်

စစ်မှန်ကောင်းမွန်သည့် Brother ၏ထောက်ပံ့ပစ္စည်းများအကြောင်းပိုမိုလေ့လာရန်နှင့် တစ်ခြားစစ်မှန်မှုမရှိသည့်ရွေးချယ်စရာများထက် စိတ်ချယုံကြည်ရခြင်း၊အန္တရာယ်ကင်းခြင်း၊အကောင်းဆုံးသောအရည်အသွေးကိုပေးနိုင်ခြင်း စသည့်အချက်များကိုလေ့လာနိုင်ရန်ဒီနေ့ပဲ https://www.brother.com.mm/my-mm/contents/supplies-main တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။


Contact

Name : Aaron Wan
Job Title : Regional Marketing Manager
Company : Brother International Singapore Pte Ltd.
Phone : +65 6428 0717
Email : aaron.wan@brother.com.sg