

ဘက်စုံသုံးလစ်မနစ်တိတ်များ (laminated tapes)
လစ်မနိတ် Tze tape များသည် (laminated Tze tapes) P-touch range label printer တွေအတွက်အဓိကထုတ်လုပ်ထားပြီး အကြမ်းတမ်းဆုံးအခြေအနေမှာပါအသုံးပြုနိုင်အောင်စစ်ဆေးထားပါသည်။ရေဒဏ်၊ ပွန်းပဲ့ဒဏ်၊ဓာတုဒဏ်နှင့်အပူချိန်ဒဏ်ကိုပါ အကောင်းဆုံးခံနိုင်ရည်ရှိပြီး အကောင်းဆုံးအရည်အသွေးကိုပေးနိုင်ပါသည်။
ကော်မာနှင့်လုံခြုံရေးပစ္စည်းတိတ်ကပ်စာ (tamper-evident varieties) တို့ အပြင်ကာလာအရောင် ၆၀ နှင့်ဆိုဒ်အမျိုးမျိုးကိုရွေးချယ်နိုင်ပါသည်။

လစ်မနိတ်အပြား (laminated)

သန်မာသောကော်အသုံးပြုထားခြင်း
ကြမ်းတမ်းသောပတ်ဝန်းကျင်တွင်အသုံးပြုရန်ထုတ်လုပ်ထားပြီး၅၀ ရာခိုင်နှုန်း ကြံ့ကြံ့ပိုခံနိုင်အောင်ထုတ်လုပ်ထားသည်။
အလွယ်တကူစစ်ဆေးနိုင်သော ID
ဝါယာနှင့်ကေဘယ်များကို လုံခြုံစွာပတ်နိုင်အောင် အဓိကထားပြုလုပ်ထားပါသည်။
အပူချိန်လျော့ပြွန်ပါရှိခြင်း
ကြာရှည်အကြမ်းခံနိုင်သော cable identification ပါရှိခြင်း
လုံခြုံစိတ်ချရသောလစ်မနိတ်အပြား ပါရှိခြင်း
Tampering ကိုညွှန်ပြပေးနိုင်သော Checkerboard pattern ပါရှိခြင်းတိတ်များကိုစစ်ဆေးထားခြင်း
Brother tapes များကို ဘယ်လောက်ခံနိုင်ရည်ရှိကြောင်းစစ်ဆေးပြထားပါသည်။ကျွန်တော်တို့ရဲ့ laminated tape နည်းပညာဖြင့် အကြမ်းတမ်းဆုံးအခြေအနေမျိုးတွင်ပါခံနိုင်ရည်ရှိအောင်ထုတ်လုပ်ထားပါသည်။ဘယ်လောက်ခံနိုင်ရည်ရှိကြောင်းကို ဗီဒီယိုတွင်ကြည့်ရှုနိုင်ပါသည်။

စက္ကူကော်လေဘယ်တံဆိပ်များ (paper adhesive labels)
Brother ရဲ့ စက္ကူကော်တံဆိပ်များ (paper adhesive labels) သည်လိပ်စာနှင့်စာပို့တံဆိပ်များထုတ်လုပ်ရန်အကောင်းဆုံးဖြစ်ပါသည်။ဖိုင်တွဲများ၊ပုံးများနှင့်စင်များတွင်သုံးရန်အတွက်လဲ အသင့်တော်ဆုံးဖြစ်ပါသည်။
တံဆိပ်များကို ၆၂ မီလီမီတာမှ ၁၀၂ မီလီမီတာအကျယ်ထိ print ထုတ်နိုင်ပြီး အထူးလိုအပ်ချက်များအတွက်လဲ သတ်မှတ်ထားသောအရွယ်အစားအတိုင်းဖြတ်နိုင်သည်။ကြိုတင်ဖြတ်ထားသောဆိုဒ်အရွယ်အစားများလဲရှိပါသည်။p>
သင်လိုအပ်သော Label တံဆိပ်ဖန်တီးခြင်း
QL range label printer များအတွက်အဓိကထားထုတ်လုပ်ထားပြီး ကျွန်တော်တို့ရဲ့ continuous roll အထူးနည်းပညာကြောင့်မတူညီတဲ့အလုပ်များအတွက် multiple rolls လိုအပ်ချက်ကိုဖယ်ထုတ်လိုက်ပြီး ကုန်ကျစရိတ်နှင့်အချိန်ကုန်သက်သာစေပါသည်။
တံဆိပ်များကိုလိုသလိုအရွယ်အစားအတိုင်းဖြတ်နိုင်သည်။၁ မီတာအထိအလွယ်တကူမှန်မှန်ဆန်ဆန် print ထုတ်နိုင်သည်။ကြိုတင်ပိုင်းဖြတ်ထားသောအရွယ်အစားအမျိုးမျိုးကိုလဲရွေးချယ်နိုင်ပါသည်။Brother ၏ထူးခြားချက်မှာ အရေးကြီးသောလေဘယ်တံဆိပ်မှန်းပေါ်လွင်အောင်သုံးနိုင်သော အနီ နှင့် အနက်ရောင်ကို print ထုတ်နိုင်ခြင်းဖြစ်သည်။
*ကာလာနှစ်ရောင် print ထုတ်ခြင်း : DK22251 လိုအပ်sup>