
လျှပ်စစ်ပစ္စည်းနှင့် network infrastructure
တည်ဆောက်ရာတွင် label များတပ်ခြင်း
ကျွန်တော်တို့ရဲ့ label များသည် ကေဘယ်ကြိုးစည်းမျဉ်းစနစ်များကိုလိုက်နာပြီး လျှပ်စစ်ပစ္စည်းနှင့် network infrastructure တည်ဆောက်ခြင်းများအတွက် လိုအပ်တဲ့အချက်အလက်များနှင့်ကိုက်ညီအောင်အဓိကဒီဇိုင်းဆွဲထုတ်လုပ်ထားသောကြောင့် network နှင့်ဖိုက်ဘာကြိုးများ၊patch panels၊Data စင်တာပစ္စည်းများနှင့်အခြားဆက်စပ်ပစ္စည်းများအတွက် လိုအပ်သည့် label များအလွယ်တကူမြန်ဆန်စွာဖန်တီးနိုင်ပါသည်။
သင့်ရဲ့လုပ်ငန်းအတွက်လိုအပ်သော label များ

၆ မီလီမီတာကနေ ၃၆ မီလီမီတာအထိအသုံးပြုနိုင်ပြီး ကျွန်တော်တို့ရဲ့လုပ်ငန်းသုံး label များသည် သင့်ရဲ့လုပ်ငန်းလိုအပ်ချက်များတွင်သုံးနိုင်ရန်အတွက် စစ်ဆေးမှုများကိုအပြည့်အဝပြုလုပ်ထားပြီးဖြစ်ပါသည်။
- Hard-wearing laminated နည်းပညာအသုံးပြုထားသော TZe တိတ်များ
- ကြမ်းတမ်းသောပတ်ဝန်းကျင်များတွင်အသုံးပြုနိုင်သော ခိုင်ခံ့အား ၅၀ ရာခိုင်နှုန်းပိုမိုပါဝင်သောကော်မာတိတ်များ
- အကောင်းဆုံးအရည်အသွေးဖြစ်သည့် flexible ID တိတ်များသည် ဝါယာကြိုးများနှင့်ကေဘယ်ကြိုးများကိုလုံခြုံစွာပတ်ပြီးသုံးနိုင်ပါသည်။
- ကေဘယ်ကြိုးများမှန်ကန်စွာခွဲခြားနိုင်ဖို့အတွက် heat shrink tubes။
ဘာကြောင့်သင့်ရဲ့ network infrastructure နှင့်ကေဘယ်ကြိုးများကို Brother ရဲ့ Label printer များနဲ့ခွဲခြားစစ်ဆေးဖို့လိုအပ်သလဲ

အလျင်အမြန်ခွဲခြားပေးနိုင်ခြင်း
Label ကပ်ထားသော ကေဘယ်ကြိုး၊ပစ္စည်းများနှင့် patch panels များတွင် မည်သည့်ပစ္စည်းဖြစ်သည်ကိုအလျှင်အမြန်ခွဲခြားနိုင်ပါသည်။

လိုက်နာချက်များ
အကြမ်းခံကြာရှည်ခံ label များကိုထုတ်လုပ်ရာတွင် ANSI/TIA-606C သို့မဟုတ် တစ်ခြားမူများကိုလိုက်နာထားပါသည်။

အလျင်အမြန်ပြုပြင်ထိန်းသိမ်းနိုင်ခြင်း
ကေဘယ်ကြိုးများနှင့်ဆက်စပ်ပစ္စည်းများတွင် label များကပ်ထားခြင်းကြောင်း စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းများကိုလျင်မြန်စွာလုပ်ဆောင်နိုင်ပါသည်။

အခက်အခဲအဖြေရှာခြင်းကိုကူညီပေးခြင်း
ချို့ယွင်းနေသောစက်ပစ္စည်းနှင့်ကေဘယ်ကြိုးများကိုအလွယ်တကူ အလျင်အမြန်ရှာတွေ့နိုင်ပြီး ပြင်ဆင်နိုင်သောကြောင့် downtime ကိုလျော့ကျစေပါသည်။
ကြမ်းတမ်းသောမျက်နှာပြင်များနှင့်ချောမွေ့သောမျက်နှာပြင်များအတွက် အထူးပိုမိုခိုင်ခံ့သောကော်တိတ်များ
ပုဂ္ဂလိကဓာတ်ခွဲခန်းစမ်းသပ်မှုများအရ Brother ရဲ့ ခိုင်ခံ့သောကော် (TZe-S စီးရီး) တိတ်များသည် သာမာန် Brother Tze တိတ်များထက်အကြမ်းအားဖြင့်သုံးဆပိုကောင်းသည်ကိုစစ်ဆေးပြသခဲ့ပါသည်။လျှပ်စစ်ပညာရှင်များနှင့် network infrastructure တည်ဆောက်သူများအတွက် ရွေးချယ်သင့်သည့် ကြာရှည်ခံ label များဖြစ်သည်။
ကြမ်းတမ်းသောမျက်နှာပြင်ပေါ်တွင်ကပ်ရန်အတွက် ပိုသန်မာသောကော်တိတ်ကိုအသုံးပြုပါ။ဥပ

Distribution board များ

Network ပစ္စည်းထည့်စင်များနှင့် patch panel များ

Socket များနှင့် switch box များ

Coated metal cabinet များနှင့် panel များ
ကေဘယ်ကြိုးများအမှတ်အသားပြုလုပ်ရန်အတွက်တိတ်များ
Brother သည် ကေဘယ်ကြိုးများနှင့်ဝါယာကြိုးများကိုမှန်မှန်ကန်ကန်ခွဲခြားနိုင်ခြင်းသည် အရေးကြီးသောအချက်ဖြစ်ကြောင်းသိရှိပါသည်။
ဒါကြောင့်ကေဘယ်ကြိုးများတွင်အမှတ်အသား label အဖြစ် အသုံးပြုနိုင်သော တိတ်အမျိုးအစားလေးမျိုးကိုထုတ်လုပ်ထားပါသည်။

Flexible ID Tape (TZe-FX series)
လျှပ်စစ်ပညာရှင်များ၊network infrastructure တည်ဆောက်ခြင်းများ၊ panel တည်ဆောက်သူများနှင့်တစ်ခြားလုပ်ငန်းများတွင် ယုံကြည်စိတ်ချရသောခွဲခြားနိုင်မှုလိုအပ်ပါသည်။ယခုတိတ်များသည် အချိန်ကြာလျှင်ကွာလာသောတစ်ခြားတိတ်များနှင့်မတူဘဲ ထုလုံးရှည် ဆလင်ဒါပုံပစ္စည်းများတွင်အမှတ်အသားပြုလုပ်ရန်သုံးနိုင်ပါသည်။
- ကေဘယ်ကြိုးများတွင် ပတ်ပြီး အချင်း ၃ မီလီမီတာ သို့မဟုတ်ပို၍အသုံးပြုနိုင်ပါသည်။
- Flag label အဖြစ်ကေဘယ်ကြိုးများတွင် အချင်း ၃ မီလီမီတာ သို့မဟုတ်ပို၍အသုံးပြုနိုင်ပါသည်။

Self-Laminating Tape (TZe-SL series)
CAT5E သို့ဟုတ်ပိုထူသော CAT6A network ကေဘယ်ကြိုးများတွင် label စာသားများကို အကာအကွယ်ပေးနိုင်ပြီး အပေါ်ယံလွှာအဖြစ်ကာကွယ်အသုံးပြုနိုင်သည်။
- ကေဘယ်ကြိုးများတွင်တံဆိပ် အနံ ၂၄ မီလီမီတာနဲ့အချင်း ၃ မီလီမီတာကနေ ၆.၆ မီလီမီတာထိအသုံးပြုနိုင်ပါသည်။
- ကေဘယ်ကြိုးများတွင်တံဆိပ် အနံ ၃၆ မီလီမီတာနဲ့အချင်း ၃ မီလီမီတာကနေ ၁၀.၄ မီလီမီတာထိအသုံးပြုနိုင်ပါသည်။

Die-cut Flag Tape (FLe series)
Network ဆက်သွယ်ရေးလုပ်ငန်းများတွင်သုံးသော အချင်းသေးသောကေဘယ်ကြိုးများနှင့်ဖိုက်ဘာကြိုးများ ခွဲခြားနိုင်ရန်အသုံးပြုသင့်ပါသည်။Label များသည်ကြိုတင်ဖြတ်ထားပြီးဖြစ်ပြီး တစ်ကြိမ် print ထုတ်ပြီးသည်နှင့် ကေဘယ်ကြိုးတွင်ကပ်လိုက်ပြီး "စာတမ်းအမြှီး" label ကိုလိုသောနေရာတွင် ခေါက်ပြီးနေရာချထားနိုင်ပါသည်။
- အချင်း ၂.၀ ကနေ ၈.၀ မီလီမီတာထိ ကေဘယ်ကြိုးများအတွက် အသုံးပြုနိုင်ပါသည်။

Heat Shrink Tube (HSe series)
ကော်ပျော့ကိုအသုံးပြုထားသော marker သည် အထူးပြုလုပ်ထားပြီး တိတ်ခွေထဲတွင် flat tube အဖြစ်သိမ်းဆည်းထားပါသည်။တစ်ကြိမ် print ထုတ်လိုက်တိုင်း tube သည်ပွင့်သွားပြီး ကေဘယ်ကြိုးသို့မဟုတ် terminating connector အတွင်းဝင်သွားပါသည်။အပူပေးပြီးနောက်မှာ tube သည် နဂိုမူလဆိုဒ်မှတဝက်အထိပြန်ကျုံ့သွားပြီး ကေဘယ်ကြိုးသို့မဟုတ် connector တွင်ကပ်သွားပါသည်။
- ကေဘယ်ကြိုးများနှင့် terminating connector များကိုခွဲခြားရန်အသုံးပြုနိုင်ပါသည်။

သင့်ရဲ့လက်ဖြင့် network infrastructure တည်ဆောက်ခြင်း
Brother Pro Tape range ကြည့်ရန်

သင့်ရဲ့လုပ်ငန်းပတ်ဝန်းကျင်နှင့်ကိုက်ညီသော label printer များ
ကျွန်တော်တို့ရဲ့ ရွေးချယ်စရာများပြားပြီးအကြမ်းခံတဲ့ label printer များကိုအသုံးပြုခြင်းဖြင့်အမျိုးမျိုးသောပစ္စည်းများတွင် အချက်အလက်ကိုရှင်းလင်းမှန်ကန်စွာမြင်တွေ့နိုင်ပါသည်။