တည်ထောင်မှုသန္ဒိဠာန်

1908 - 1928

1908

Yasui Sewing Machine Co. ကို Kanekichi Yasui က တည်ထောင်ခဲ့ပါသည်။

Brother Industries, Ltd ရဲ့တည်ထောင်သူဖခင်ကြီး Kanekichi Yasui သည် အပ်ချုပ်စက်ပြင်ဆင်ခြင်းနှင့် အပိုပစ္စည်းရောင်းချသည့်ကုမ္ပဏီ Yasui Sewing Machine Co. ကို ၁၉၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

1925

Masayoshi Yasui က ကုမ္ပဏီကို ဆက်ခံခဲ့ပြီး အမည်ကို Yasui Brothers' Sewinf Machine Co. သို့ ပြောင်းလဲခဲ့ပါသည်။

၁၉၂၅ ခုနှစ်တွင် Masayohshi Yasui က ကုမ္ပဏီကို ဆက်ခံခဲ့ပြီး အမည်ကို Yasui Brothers' Sewinf Machine Co. သို့ ပြောင်းလဲခဲ့ပါသည်။

သားသမီး ၁၀ ယောက်တွင် အစ်ကိုအကြီးဆုံးဖြစ်သည့် Masayoshi သည် အသက် ၉ နှစ်အရွယ်မှ သူ၏အဖေဖြစ်သူကို စတင်ကူညီခဲ့ပြီး အသက် ၁၇ နှစ်အရွယ်တွင် Osaka ၌ အလုပ်သင်အဖြစ် စတင်လုပ်ကိုင်နေသည်။

ထိုအချိန်တွင် အပ်ချုပ်စက်ဈေးကွက်အား ပြည်ပမှတင်သွင်းသောစက်များသာ လွှမ်းမိုးထားပြီး Masayoshi သည် ပြည်ပမှတင်သွင်းကုန်ကိုအခြေပြုရသည့်ဈေးကွက်မှသည် ပြည်တွင်းထုတ်လုပ်မှုမှတစ်ဆင့် ပြည်ပသို့တင်ပို့နိုင်သည့် လုပ်ငန်းအဖြစ်သို့ ပြောင်းလဲရန် ဆန္ဒပြင်းပြခဲ့သည်။

1928

Brother ပထမဆုံးကုန်ပစ္စည်းကို ထုတ်လုပ်ခဲ့သည်။

အပ်ချုပ်စက်များကို Japan တွင်ထုတ်ရန်ကြိုးစားမှုတစ်ခုအဖြစ် ကောက်ရိုးဦးထုပ်ချုပ်လုပ်သည့် Chain-Stitch အပ်ချုပ်စက်ကို Yasui Brother မှထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းအပ်ချုပ်စက်သည် ထိုအချိန် Germany မှထုတ်သော အပ်ချုပ်စက်ထက် အကြမ်းခံမှု သာလွန်သောကြောင့် နာမည်ကျော်ကြားလာခဲ့သည်။

အပ်ချုပ်စက်ခေတ်

1932 - 1947

1932

Brother သည် အိမ်သုံးအပ်ချုပ်စက်ကို အများအပြားစတင်ထုတ်လုပ်လာသည်။

Masayoshi ၏ ညီငယ် Brother ၏တွဲဖက်တည်ထောင်သူ Jitsuichi Yasui သည် အပ်ချုပ်စက်၏အရေးပါသော အစိတ်အပိုင်း shuttle hooks ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။

၁၉၃၂ ခုနှစ်တွင် စက်တစ်ခုလုံးကို Japan တွင်ထုတ်လုပ်သည့် ပထမဆုံးသော အိမ်သုံးအပ်ချုပ်စက်ကို Yasui Brothers က စတင်မိတ်ဆက်ပေးခဲ့သည်။

1934

Yasui Brothers' Sewing Machine Co. အား Nippon Sewing Machine Manufacturing Co. အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

အမြောက်အများထုတ်လုပ်ခြင်းသို့ နောက်ထပ်ခြေတစ်လှမ်းအနေဖြင့် Yasui Brother Sewing Machine Shop ကို ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဖျက်သိမ်းခဲ့သည်။ ဤသို့ပြုလုပ်ခြင်းက ၁၉၃၆ ခုနှစ်မှာ လုပ်ငန်းသုံးအပ်ချုပ်စက်များကို ဆက်တိုက်ထုတ်လုပ်လာသည့် Nippon Sewing Machine Manufacturing Co. အမည်အောက်တွင် ပေါင်းစည်းစေခဲ့သည်။

1941

Brother Sales, Ltd. ကို Japan ဈေးကွက်အတွက် အရောင်းကုမ္ပဏီအဖြစ် တည်ထောင်ခဲ့သည်။

Japan တွင် ပိုကျယ်ပြန့်သည့် အရောင်းဈေးကွက်ကို တိုးမြှင့်ရန်နှင့် ဈေးကွက်ရှယ်ယာ ပိုရနိုင်ရန် Brother Sales, Ltd. ကို တည်ထောင်ခဲ့သည်။

1947

Brother သည် အိမ်သုံးအပ်ချုပ်စက်များကို ပြည်ပသို့ စတင် တင်ပို့သည်။

Japan အစိုးရ၏တောင်းဆိုချက်အရ Brother သည် အပ်ချုပ်စက် ၂၀၀ ကို Shanghai သို့ တင်ပို့ခဲ့သည်။ ဒါက Brother တည်ထောင်ရင်းရည်ရွယ်ချက်ဖြစ်သည့် ပြည်ပမှတင်သွင်းသောအပ်ချုပ်စက်ဈေးကွက်အား ပြည်ပသို့ပြန်လည်တင်ပို့သော အပ်ချုပ်စက်ဈေးကွက်သို့ တိုးတက်ပြောင်းလဲခြင်း ပထမခြေလှမ်းဖြစ်ခဲ့သည်။

ကုန်ပစ္စည်း အမျိုးအစားကွဲများထုတ်လုပ်ခြင်းခေတ်

1954 - 1964

1958

ကုန်ပစ္စည်း အမျိုးအစားကွဲများထုတ်လုပ်ခြင်းနှင့် ကမ္ဘာအနှံ့ခြေဆန့်ခြင်း

အပ်ချုပ်စက်ထုတ်လုပ်ခြင်းနှင့်အတူ တည်ဆောက်လာခဲ့သည့် နည်းပညာကိုအခြေခံပြီး Brother သည် အခြားလုပ်ငန်းနယ်ပယ်များကို စတင်ခွဲထွက် လုပ်ဆောင်လာခဲ့သည်။ ၎င်းတွင် ဇာထိုးစက်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ နှင့် အခြားလျှပ်စစ်ပစ္စည်းများ ပါဝင်သည်။

၁၉၅၄ ခုနှစ်တွင် ပြည်ပတင်ပို့မှု တိုးတက်ရန် ကြိုးပမ်းခြင်းအဖြစ် Brother International Corporation ကိုတည်ထောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် New York အခြေစိုက် အရောင်းလုပ်ငန်းနှင့် ၁၉၅၈ ခုနှစ်တွင် Ireland အခြေစိုက် ထုတ်လုပ်ရေးလုပ်ငန်းတို့ကို တည်ထောင်ခြင်းနှင့်အတူ Brother သည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို အခြား Japan ကုမ္ပဏီများထက်ဦးစွာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သည်။

1964

Brother အမည်အားတည်ဆောက်ခြင်း

၁၉၆၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်အတွင်းသည် Brother ၏ လုပ်ငန်းအမည်ကို အချိန်ယူတည်ဆောက် အားဖြည့်သည့်အချိန်ဖြစ်သည်။

Japan ဌာနချုပ်ရုံးသည် ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ၁၉၆၂ တွင် ကျွန်ုပ်တို့၏ လုပ်ငန်းအမည်အား Nippon Sewing Machine Manufacturing Co. မှ Brother Industries, Ltd. သို့ ပြောင်းလဲခဲ့သည်။

၁၉၆၄ ခုနှစ် Tokyo Olympic Games တွင် နိုင်ငံတကာမှ သတင်းစာဆရာများအား လက်နှိပ်စက် ၃၀၀ ကို Brother မှ ထောက်ပံ့ခဲ့ခြင်းက Brother အား ကမ္ဘာမှအသိအမှတ်ပြုရန် များစွာအထောက်အကူပြုခဲ့သည်။

တစ်ချိန်တည်းတွင် Brother Industries သည် Tokyo, Osaka နှင့် Nagoya စတော့ရှယ်ယာဈေးကွက်တွင် ဝင်ရောက်ခဲ့သည်။ ထို့အတူ Brother သည် လုပ်ငန်းသုံးစက်ပစ္စည်းနှင့် စက်ကိရိယာဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့သည်။

Mechatronics ခေတ်

1971 - 1989

1971

ကမ္ဘာ့ပထမဆုံး မြန်နှုန်းမြင့် Dot-Matrix Printer ကို စတင်ဖြန့်ဖြူးခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ယနေ့ခေတ် printing နည်းပညာ၏မူလဇစ်မြစ်အဖြစ် မှတ်ယူခြင်းခံရသည့် ကမ္ဘာ့ပထမဆုံး မြန်နှုန်းမြင့် Dot-Matrix Printer ကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည်။ ၎င်း၏ အထင်ကြီးလောက်သည့် print ထုတ်နှုန်းကြောင့် Brother Dot-Matrix Printer သည် Japan နှင့် ကမ္ဘာတစ်ဝှမ်းက ချီးမွမ်းခြင်းခံခဲ့ရသည်။

1971

Brother သည် အဆက်မပြတ် တိုးတက်လာခဲ့သည်။

Brother သည် ဘာသာစကား ၂၀ ကျော်နှင့် လက်နှိပ်စက်များ ပြုလုပ်ပြီး နိုင်ငံပေါင်း ၁၁၀ ကျော်ကို တင်ပို့ခြင်းဖြင့် လက်နှိပ်စက်များကို အပ်ချုပ်စက်များနည်းတူ ကုမ္ပဏီ၏ အအောင်မြင်ဆုံး ကုန်ပစ္စည်း ဖြစ်စေခဲ့သည်။

1980

စီးပွားရေးနှင့် နည်းပညာတွင် လျင်မြန်စွာ တိုးတက်ခြင်း

၁၉၈၀ ခုနှစ်တွင် Brother သည် Linear pulse motor ကိုအသုံးပြုသည့် Daisy wheel ပါဝင်သော လျှပ်စစ်လက်နှိပ်စက် EM-1 ထုတ်လုပ်ခဲ့ပြီး မကြာမီတွင် ကောင်းမွန်သည့် အောင်မြင်မှု ရရှိခဲ့သည်။

၎င်းနောက်တွင် တစ်ကိုယ်ရည်သုံး Printer နှင့် Japanese word processors ထုတ်လုပ်မှုတွင် တီထွင်ခဲ့သော Thermal နည်းပညာကို အခြေခံသည့် ပြိုင်ဘက်ကင်းသည့် Labelling System ပစ္စည်းကို Brother မှ ဈေးကွက်ဖြန့်ချီခဲ့သည်။

1987

၁၉၈၇ ခုနှစ်တွင် အချက်အလက်နှင့် ဆက်သွယ်ရေးပစ္စည်း နယ်ပယ်တွင် ကုမ္ပဏီ၏ရပ်တည်မှုကို ပိုမိုခိုင်မာစေရန် Brother သည် Fax ပို့စက်ထုတ်လုပ်မှုကို စတင်ခဲ့သည်။

စီးပွားရေးအောင်မြင်မှုမှတ်တိုင်များ

  • တရားဝင်ထောက်ပံ့သူအနေဖြင့် Los Angeles Olympics Games တွင် လက်နှိပ်စက် ၃၀၀၀ ကို ထောက်ပံ့ပေးအပ်ခြင်း
  • ၁၉၉၂ ခုနှစ်အထိ Calgary တွင်ကျင်းပသည့် Winter Olmpic Games ၏ TOP(The Olympic Partner) sponsor ဖြစ်လာခြင်း
  • လုပ်ငန်းသုံးစက်အပိုပစ္စည်းများကို စတင်ထုတ်လုပ်ခြင်း

ကွန်ယက်စနစ်ခေတ်နှင့် အနာဂတ်

1992 - 1995

1992

ဘက်စုံသုံး Printer ကို ဦးဆောင်ထုတ်လုပ်ခြင်းနှင့် Online Karaoke နယ်ပယ်သို့ ဝင်ရောက်ခြင်း

Brother သည် "FAX-600" Fax ပို့စက်အသစ်ကို US တွင် စတင်မိတ်ဆက်ခဲ့ပြီး အလျင်အမြန် နာမည်ရရှိလာကာ Brother အား ကွန်ယက်နှင့် သတင်းအချက်အလက်ခေတ်သို့ အရှိန်ဖြင့် တိုးဝင်စေခဲ့သည်။

အချက်အလက်ဖြန့်ဝေမှုနည်းပညာတွင် အောင်မြင်မှုရရှိနေပြီး အခြေခံလိုအပ်ချက်များ ကုမ္ပဏီအတွင်း ဖွံ့ဖြိုးတိုးတက်နေစဉ်အတွင်း Brother သည် Online Karaoke စီးပွားရေးနယ်ပယ်အတွင်း ဝင်ရောက်ရန် Xing Inc. ကို တည်ထောင်ခဲ့သည်။

Online Karaoke နယ်ပယ်သို့ ဝင်ရောက်ရန် စီစဉ်မှုနှင့်အတူ Brother သည် အချက်အလက်ဝန်ဆောင်မှုနှင့် မျိုးဆက်သစ်အချက်အလက်ဖြန့်ဝေမှုနည်းပညာများကို ကမ်းလှမ်းခြင်းဖြင့် ကွန်ယက်နှင့် သတင်းအချက်အလက်စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းချဲ့ထွင်ခဲ့သည်။

1995

ဘက်စုံသုံး Laser Printer(MFC) ကို စတင်ဖြန့်ဖြုးခြင်း

Brother သည် print ထုတ်ခြင်း၊ fax ပို့ခြင်းနှင့် copy ကူးခြင်းတို့ကို စက်တစ်ခုတည်းတွင် အသုံးပြုနိုင်သည့် ဘက်စုံသုံး Lasar Digital Printer (MFC) ကို စတင်ဖြန့်ချိခဲ့သည်။ ၎င်းအသစ်ပေါင်းစပ်ထားသောစက်သည် Brother ၏ printing စီးပွားရေးတိုးတက်မှုကို ပိုမိုထောက်ပံ့ပေးခဲ့သည်။

ပထမဆုံးဘက်စုံသုံး Printer (MFC) ဖြန့်ချိခြင်း အောင်မြင်မှုနှင့်အတူ Brother သည် ဘက်စုံသုံး ကာလာ Inkjet Digital Printer (MFC) ကို မိတ်ဆက်ခဲ့သည်။ ၎င်းထုတ်ကုန်ဆန်းသစ်မှုတွေကြောင့် Brother ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာစီးပွားရေးကဏ္ဍသည် ထပ်ဆင့်တိုးတက်ခဲ့သည်။

အခြားအရေးပါသောနေ့စွဲများ

2002 - 2011

2002

Brother ၏ Corporate Vision အဖြစ် Global Vision 21 အား တည်ဆောက်ခြင်း

Global Vision 21 ကို ၂၀၀၂ ခုနှစ်တွင် Brother Group ၏ ကာလလတ်မှ ကာလရှည် Corporate Vision အဖြစ် တည်ဆောက်ခဲ့သည်။ ၎င်းကို ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်အားလုံးတွင် "အသုံးပြုသူဦးစားပေး" မူဝါဒလက်ကိုင်ထားသော နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ကျွန်ုပ်တို့၏ရပ်တည်ချက်ခိုင်မာစေရန် လုပ်ဆောင်ခဲ့သည်။


Global Vision 21 ၏ ရည်ရွယ်ချက်များမှာ :

• အကျိုးအမြတ်များသော ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီဖြစ်လာရန်
• ကိုယ်ပိုင်ထူးချွန်သောနည်းပညာဖြင့်ထုတ်ထုပ်သည့် ကမ္ဘာ့အဆင့်မှီထုတ်လုပ်သူဖြစ်လာစေရန်
• Brother ၏ဆောင်ပုဒ် "At your side" အား စီးပွားရေးလုပ်ငန်းအားလုံးတွင် ပါဝင်စေရန်

2002

TCO အဆင့်အတန်းသတ်မှတ်မှုအား Brother ပိုင်ဆိုင်ခြင်း

Brother သည် ပတ်ဝန်းကျင်ဆိုင်ရာ၊ စွမ်းအင်၊ စွမ်းအင်ထုတ်လုပ်မှုနှင့် ကုန်ထုတ်စွမ်းအားဆိုင်ရာတို့တွင် တစ်ကမ္ဘာလုံးအသိအမှတ်ပြုထားသော ကျော်ကြားသည့် TCO အဆင့်အတန်းသတ်မှတ်ချက်အား ရရှိသော ကမ္ဘာ့ပထမဆုံး Printer ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

2008

လုပ်ငန်းနှစ် ၁၀၀ ပြည့်မြောက်ခြင်း

"အသုံးပြုသူဦးစားပေး"မူကို လက်ကိုင်ထားသော ထိပ်တန်း အိမ်သုံးနှင့် လုပ်ငန်းသုံး IT ပစ္စည်းကုမ္ပဏီဖြစ်သည့် Japan နိုင်ငံ Nagoya မြို့ တွင် အခြေစိုက်သော Brother Group သည် ဆန်းသစ်သော နည်းပညာများ၊ ပြည့်ဝသော ဝန်ဆောင်မှုနှင့် ကောင်းမွန်သောထုတ်ကုန်အရည်အသွေးများကို ပေးအပ်ခဲ့သည်မှာ နှစ် ၁၀၀ တိုင်ခဲ့ပြီဖြစ်သည်။

2008

ကမ္ဘာ့ပထမဆုံး A3 ဘက်စုံသုံး ကာလာ Printer (MFC)

Brother သည် ကမ္ဘာ့ပထမဆုံး A3 ဘက်စုံသုံး ကာလာ Printer (MFC) ကို စတင်ရောင်းချခဲ့သည်။