စင်ကာပူ အထူးကောင်းမွန်သော ဝန်ဆောင်မှု လည်ဆွဲဆုတံဆိပ်
ကျွန်ုပ်တို့အနေဖြင့် အထူးသာလွန်ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အမြဲအစဉ်တစိုက် ကြိုးစားအားထုတ်လျှက်ရှိပြီး Brother စင်ကာပူအနေဖြင့် ဝန်ဆောင်မှုနှင့် ပတ်သတ်လျှင် အထူးချီးကျူးဂုဏ်ပြုခံရပြီး နိုင်ငံတော် အဆင့်သို့ တက်လှမ်းနိုင်သည့် စင်ကာပူနိုင်ငံ၏ အထူးကောင်းမွန်သော ဝန်ဆောင်မှု လည်ဆွဲဆုတံဆိပ်ကို ရရှိခဲ့ပါသည်။
အောက်ပါ ဥပမာတွေများသည် ကျွန်ုပ်တို့၏ သုံးစွဲသူများသို့ ကမ္ဘာအဆင့်မှီ ဝန်ဆောင်မှုများကို အမြဲမပြတ်ပေးစွမ်းနိုင်အောင် ကြိုးစားအားထုတ်မှုများ၏ သာဓကများဖြစ်သည်။
- ဝန်ဆောင်မှု ကြာချိန်ကို လျှော့ချရန် ၄ နာရီ အခမဲ့ အမြန်ဝန်ဆောင်မှုပေးခြင်း။
- သုံးစွဲသူများကို တစ်ခါသုံး အဖြစ်ထက် ကျော်လွန်၍ ရေရှည်တည်တံ့သော ရင်းနှီးမှုတစ်ခု တည်ဆောက်ရန် 10Q စနစ်ကို မိတ်ဆက်ခဲ့ပါသည်။ 10Q သည် ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်ပြီး ထုတ်ကုန်များကို ဝယ်ယူပြီး ၁၀ရက်၊ ၁၀ပတ်၊ ၁၀လ များတွင် သုံးစွဲသူတို့၏ အတွေ့အကြုံနှင့် ပတ်သတ်၍ ဝေဖန်အကြံပြုချက်များကို ရယူခြင်း။
- 'LogMeIn' ဟုခေါ်သည့်စနစ်ကို အသုံးပြု၍ သုံးစွဲသူတို့ကြုံတွေ့ရသည့် နည်းပညာဆိုင်ရာ အခက်အခဲများအား ကျွန်တော်တို့၏ အင်ဂျင်နီယာများမှ လူကိုယ်တိုင်သွားရောက်စရာမလိုဘဲ အချိန်နှင့် တပြေးညီ ချိတ်ဆက် ဆက်သွယ်ဖြေရှင်းပေးခြင်း။