စာရွက်များများ print ထုတ်ဖို့လိုအပ်သည့် အိမ် နှင့် အသေးစားရုံး တွေအတွက် သင့်တော်သည့် ကျွန်တော်တို့ရဲ့ ဘက်စုံသုံး printer ကို မိတ်ဆက်လိုက်ပါပြီ။ ကောင်းမွန်တဲ့ပုံတွေ ရှင်းလင်းပြတ်သားတဲ့စာသားတွေနဲ့ ပိုကောင်းတဲ့ print အရည်အသွေးကို ကုန်ကျစရိတ်အတွက်ပူစရာမလိုပဲ လုပ်ဆောင်လိုက်ပါ။
အမြန်နှုန်းနဲ့ print ထုတ်မယ်
စာရွက် print ထုတ်နှုန်း ၁၂/၆ ipm နှင့် Brother printer တွေက သင့်ရဲ့အလုပ်လုပ်နှုန်းကို မြှင့်တင်ပေးနိုင်တာကြောင့် အချိန်နည်းနည်းနဲ့ အလုပ်ပိုလုပ်နိုင်လာမှာပါ။ အလုပ်အစီရင်ခံစာကနေ စာစောင်တွေအထိ ကောင်းမွန်တဲ့ထင်မြင်ချက်တွေ ပေးနိုင်တဲ့ လုပ်ငန်းဆိုင်ရာပစ္စည်းတွေကို သင်ယုံကြည်ချက်ရှိရှိ print ထုတ်နိုင်ပါတယ်။
ISO/IEC 24734 ပေါ်တွင် အခြေခံသည်။ ပိုမိုသိရှိရန်
www.brother.com/rd/printspeed တွင် ကြည့်ရှုနိုင်ပါသည်။
အလုပ်တွင်ကျယ်အောင်လုပ်မယ်
မတူတဲ့စာရွက်အရွယ်အစားတွေအတွက် ချိန်ညှိလို့ရပြီး စာရွက်ရေ ၁၅၀ ဆံ့တဲ့ စာရွက်အံခွက်နှင့် စာရွက်အမျိုးအစားအများအပြားသုံးလို့ရပြီး တစ်ရွက်ချင်းထည့်နိုင်တဲ့ စာရွက်အံခွက်သုံးပြီး မတူတဲ့ print အလုပ်တွေကို လုပ်ဆောင်လိုက်ပါ။ ဒါ့အပြင် စာရွက် ၂၀ အထိ အလိုအလျောက်ထည့်ပေးတဲ့စနစ်က စာရွက်အများအပြားကို scan နှင့် copy လုပ်တဲ့အခါ လွယ်ကူစေပါတယ်။
Print ထုတ်တိုင်း ပိုချွေတာမယ်
Brother ရဲ့ Ultra High Yield မှင်ဗူးတွေနဲ့ print ထုတ်တိုင်း ကုန်ကျစရိတ် လျော့ချလိုက်ပါ။ မှင်အနက်ရောင်သုံးရင် စာရွက်ရေ ၆၅၀၀ နဲ့ ကာလာ အသုံးပြုရင် ၅၀၀၀ ရွက်အထိ print ထုတ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဈေးသင့်တဲ့ မူပိုင်မှင်တွေက မှင်ခေါင်းနဲ့ စက်ပစ္စည်းတွေကို တာရှည်ခံစေပါတယ်။ ဒါ့ကြောင့် သင်က ရေရှည်မှာ ပိုချွေတာနိုင်တာပေါ့။
ကိုးကားချက်။ ။print ထုတ်နှုန်းသည် စမ်းသပ်ပုံစံ ISO/IEC 24711 သုံးသော Brother မူပိုင်နည်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။ print ထုတ်နှုန်းသည် ISO/IEC 24711 အပေါ် အခြေခံထားခြင်း မဟုတ်ပါ။
အလွယ်တကူမှင်ဖြည့်ပါ။
Brother Printers များမှာပါဝင်တဲ့ Refill Ink Tank များကို ကာဗာအကြည်ဖြင့် ဖုံးအုပ်ပေးထားတာတဲ့အတွက် မှင်ဗူးများထဲမှ မှင်များကို အလွယ်တကူမြင်နိုင်ပါတယ်။ အသုံးပြုရလွယ်ကူအောင် သေချာထုတ်လုပ်ပေးထားတာကြောင့် မှင်ယိုစိမ့်ခြင်းများ နှင့် ညစ်ပေခြင်းများကို လျှော့ချပေးနိုင်မှာပါ။
ထုတ်လုပ်မှုမြှင့်တင်ခြင်း
စာတစ်ကြောင်း LCD screen နှင့် control panel ပါဝင်တာကြောင့် Brother printers တွေက print ထုတ်ဖို့ချိန်ညှိတဲ့အခါ လွယ်ကူပါတယ်။ အသုံးပြုသူသိလွယ်တဲ့ အမှားပြတဲ့စာနဲ့ မျက်နှာပြင်လမ်းညွှန်စနစ်က သင့်အလုပ်ကိုမနှောင့်နှေးစေပဲ ကိုယ်တိုင်ဖြေရှင်းနိုင်စေမှာပါ။