Printer များကို ထိန်းကွပ်သည့်နည်းပညာ

သင်က printer နှင့် ဓာတ်ပုံထုတ်စက် အများအပြားကို တစ်ပြိုင်တည်း စီမံခန့်ခွဲသည့်အခါ စက်များကို ချိတ်ဆက်လုပ်ဆောင်ဖို့နှင့် စက်များအလုပ်လုပ်ပုံ အကြောင်းအသေးစိတ်သိနိုင်ဖို့က ခက်ခဲနိုင်ပါသည်။ Brother ရဲ့ print ထိန်းကွပ်သည့်စနစ်ကိုအသုံးပြုပြီး သင့်ရဲ့ printing လုပ်ဆောင်မှုကို ဘယ်လိုရိုးရှင်းအောင် လုပ်နိုင်မယ်ဆိုတာ ရှာဖွေလိုက်ပါ။

စက်များစွာကို စောင့်ကြည့်ခြင်း

သင့်စက်များကို အဝေးမှ အပြည့်အဝထိန်းကွပ်နိုင်စွမ်းနှင့် အကောင်းဆုံး စီမံလိုက်ပါ။ Brother ရဲ့ printer များစွာကို စောင့်ကြည့်နိုင်သည့် နည်းပညာက သင့်စက်များရဲ့ အသုံးပြုပုံများကို အပြည့်အဝသိနိုင်တဲ့အတွက်ကြောင့် ပြဿနာများကို ချက်ချင်းမှတ်သားပြီး အထောက်အပံ့ပစ္စည်း ပြတ်လတ်မှုကိုလည်း ထောက်ပြနိုင်မှာပါ။

BRAdmin

သင့်စက်တွေအကုန်လုံးကို ပိုမိုစောင့်ကြည့်နိုင်ပြီး တိုက်ရိုက်ဆက်သွယ်မှူကိုပေးမယ့် ထိန်းချုပ်စီမံနိုင်မယ့် ကွန်ပြူတာ ပရိုဂရမ် BRAdmin မှတစ်ဆင့် သင့်စက်တွေကို စီမံခန့်ခွဲလိုက်ပါ။ BRAdmin သည် လုံးဝအခမဲ့ဖြစ်ပြီး USB ကွန်ယက် ကြိုးမဲ့စနစ် ဖြင့် ချိတ်ဆက်ထားရုံဖြင့် Brother printer အားလုံးနှင့် အဆင်ပြြေပေ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ ဘယ်စက်တွေက အသင့်ဖြစ်သလဲ sleeping mode မှာရှိနေလဲ ထောက်ပံ့ပစ္စည်း လျော့နည်းနေသလဲဆိုတာကို တိုက်ရိုက်သိနိုင်မှာဖြစ်တာကြောင့် စနစ်အလုပ်မလုပ်တဲ့ အချိန်ကို လျော့ချနိုင်ပါတယ်။


Read more

Job Logging

သင့် printer နှင့် ဓာတ်ပုံထုတ်စက်များကို နေ့စဉ် စစ်ဆေးပါ။ Brother Job Logging လုပ်ဆောင်မှူက သင့်ကို printing မှတ်တမ်းတွေ၊ ID နံပါတ် print အလုပ်ပုံစံ အလုပ်နာမည် အသုံးပြုသူနာမည် နေ့ရက် အချိန်နှင့် print ထုတ်တိုင်းအသုံးပြုသည့် စာရွက်အရေအေတွက်ကိုပါ မှတ်တမ်းတင်ထားနိုင်ပါတယ်။

Embedded Web Server (EWS)

Embedded Web Server က သင့်ရဲ့ပုံမှန် Broswer တွေကနေ သင့် printer တွေရဲ့ setting ကို ဝင်ရောက်ပြင်ဆင်ခွင့် ပေးပါတယ်။ ထုတ်ပေးသည့် လုပ်ဆောင်ချက်ကိုသုံးပြီး သင့်စားပွဲကနေပဲ ကွန်ယက်ပေါ်က printer အားလုံးကို အလွယ်တကူ စီမံလို့ရပါတယ်။

စက်များစွာကို တပ်ဆင်ခြင်း

သင့် printer တွေကို ဆော့ဝဲလ်မြှင့်တင်ခြင်းနှင့် အတည်ပြုခြင်းအလုပ်က သင့် IT ခေါင်းဆောင်များကို သင့်လုပ်ငန်းရဲ့ အရေးကြီးတဲ့အလုပ်နေရာတွေကနေ အာရုံလွှဲနိုင်ပါတယ်။ Brother ရဲ့ printer များစွာကို ဆော့ဝဲအသစ်ထည့်သွင်းကိရိယာကို အသုံးပြုပြီး သင့် printer စနစ်ချို့ယွင်းချိန်ကို လျော့ချပြီး အလုပ်ပိုတွင်ကျယ်ခြင်းကို ဖော်ဆောင်လိုက်ပါ။

Driver Deployment Wizard

တစ်ကြိမ်မှာ printer တစ်လုံးစီ လုပ်ဆောင်ရခြင်းကို အဆုံးသတ်လိုက်ပါတော့။ Driver Deployment Wizard က သင့်ကို Brother printer များစွာကို တစ်ကြိမ်တည်း firmware ထည့်သွင်းနိုင်တာကြောင့် အချိန်ကုန်သက်သာစေပြီး အလုပ်ရှုပ်လည်း သက်သာစေမှာပါ။

ငြိမ်သက်စွာ ဆော့ဝဲလ်ထည့်သွင်းနိုင်ခြင်း

Driver ဆော့ဝဲလ်ထည့်သွင်းခြင်းက အလုပ်ချိန်တွင်း သင့်ဝန်ထမ်းတွေရဲ့ အလုပ်ပြီးမြောက်နှူန်းကို မနှောင့်ယှက်ပါစေနဲ့။ IT ခေါင်းဆောင်များကို printer scanner တွေနှင့် Windows စနစ်သုံး ကွန်ပျူတာတွေကို တစ်နေရာတည်းကနေ ချိတ်ဆက်ပေးနိုင်အောင် Brother က ကူညီပေးပါတယ်။

MSI Installer

MSI Installer ဖြင့် ပိုမိုမြန်ဆန်စိတ်ချရတဲ့ ဆော့ဝဲလ်ထည့်သွင်းခြင်းကို လုပ်ဆောင်လိုက်ပါ။ MSI သို့မဟုတ် Window Installer က Miscrosoft Sever-based operating စနစ်တွင် အသုံးပြုနိုင်သည့် တစ်ခုတည်းသော Installer ဖြစ်သည်။

Total Cost of Ownership(TCO) စစ်တမ်းများ

အသုံးပြုတဲ့ပစ္စည်းများ၊ အသုံးပြုပုံများနှင့် ရရှိတဲ့ ပစ္စည်းများကို သိရှိခြင်းဖြင့် total cost of ownership (TCO) ကို စီမံခန့်ခွဲလိုက်ပါ။ Brother ရဲ့ ကျွမ်းကျင်သူတွေက စက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ဗဏီအများစု ထောက်ပံ့တဲ့ တစ်ရွက်ချင်းကုန်ကျစရိတ်တွက်ချက်မှူထက်ပိုကောင်းသည့်စနစ်ဖြင့် သင့်ရဲ့ သိသာတဲ့ကုန်ကျစရိတ်နှင့် မမြင်ရတဲ့ကုန်ကျစရိတ်တွေကိုပါ ကူညီတွက်ချက်ပေးမှာပါ။

ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ထံ ဖုန်းခေါ်ပါ ဒါမှမဟုတ် မက်ဆေ့ချ် ချန်ထားခဲ့ပါ။