ပန်းထိုးခြင်း နည်းပညာ

ပညာရှင်ဆန်သည့်လက်ရာလက်သားတွေနဲ့ ပန်းထိုးဒီဇိုင်းတွေကို အားစိုက်စရာမလိုပဲ ဖန်တီးလိုက်ပါ။ Brother ၏ software ကောင်းတွေ နှင့် လွယ်လင့်တကူအသုံးပြုနိုင်သည့် စက်တွေက ဖောက်သည်များပြားလာသည်နှင့်အမျှ သင့်ရဲ့ စီးပွားရေးလုပ်ငန်း တိုးတက်မှုအပေါ်မှာ သင့်ကိုယုံကြည့်မှုတွေရရှိစေမှာပါ။

သင့်ပန်းထိုးသည့် စီးပွားရေးလုပ်ငန်းအတွက် လွယ်ကူအဆင်ပြေမှုကို ရယူလိုက်ပါ။

ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို ကိုင်တွယ်ရတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Brother ရဲ့ ပန်ထိုးစက်တွေနှင့်ဆိုရင် သင့်ရဲ့ စီးပွားရေးလုပ်ငန်းအခွင့်အလမ်းတွေကို များနိုင်သမျှများများ မျှော်မှန်းနိုင်ပါသည်။ သို့သော်လည်း သင်ရွေးချယ်ပါ။

  • သင့် ကိုယ်ပိုင်လုပ်အားနှုန်းနဲ့သာလုပ်ပါ။

    အချိန်ပိုင်း၊ အချိန်ပြည့်၊ မနက်ပိုင်း၊ ညနေပိုင်း၊ ရုံးပိတ်ရက်တွေ သို့မဟုတ် သင့်ရဲ့အားလပ်ချိန်တွေမှာအလုပ်လုပ်မယ်။

  • သင့်ရဲ့အလုပ်ကို မည်သည့်နေရာဖြစ်ဖြစ် သယ်ဆောင်သွားပါ။

    သင့်အိမ်မှာပဲ သက်တောင့်သက်သာအလုပ်လုပ်ခြင်း၊ စီးပွားရေးလုပ်တဲ့နေရာတွေ၊ လက်လီရောင်းချတဲ့နေရာတွေ ဒါမှမဟုတ် အထူးပွဲအခမ်းအနားတွေမှာတောင် လုပ်နိုင်ပါသည်။

  • ကျွန်တော်တို့ရဲ့ နည်းပညာတွေနဲ့ သင့်ကိုတိုးတက်အောင်လုပ်ဆောင်ပါ။

    သင်လိုအပ်သည်များကို Brother ပန်းထိုးစက်များအသုံးပြု ချုပ်လုပ်ပြီး သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သင်မျှော်မှန်းသည့်အနေအထားထိ တိုးတက်စေနိုင်ပါသည်။

  • အမျိုးမျိုးသော လုပ်ငန်းနယ်ပယ်များနှင့် လက်တွဲလုပ်ဆောင်နိုင်ပါသည်။

    ကျောင်းအားကစားအသင်းများ၊ interior design ကုမ္ဗဏီများ၊ မင်္ဂလာဆောင် အခမ်းအနားစီစဉ်သူများနှင့် အခြားသောလုပ်ငန်းများနယ်ပယ်များအတွက် သိသာထင်ရှားသည့် ပန်းထိုးဒီဇိုင်းပုံစံထုတ်ကုန်များ ဖန်တီးလိုက်ပါ။

PE-Design 11 နည်းပညာ

ပန်းထိုးဒီဇိုင်းတွေကို စိတ်ကြိုက်အလှဒီဇိုင်းတွေ ဖန်တီးချင်သလား။ ဒီ PE Design 11 ၏ လုပ်ဆောင်ချက်တွေနဲ့ ပန်ထိုးဒီဇိုင်းတွေကို ဘာပြဿနာအခက်အခဲမှမရှိပဲ ဖန်တီးနိုင်ပါသည်။

  • အသုံးပြုသူကို လွယ်ကူစေသည့် သွင်ပြင်ကြောင့် ပန်ထိုးဒီဇိုင်းတွေကို မြန်မြန်ဆန်ဆန်ဖန်တီးနိုင်ပါသည်။
  • ကျွန်တော်တို့၏ ပန်းထိုးချုပ်ကြောင်းများနှင့် ပုံဖော်ဒီဇိုင်းများကိုရွေးချယ်ပြီး အပ်နှံသူများနှင့်ပိုမိုကျယ်ပြန့်စွာ အလုပ်လုပ်ပါ။
  • အပ်ချုပ်စက် အပ်လမ်းကြောင်း၊ ပုံဖော်ပန်ထိုးစာလုံး၊ စိတ်ကြိုက်စာလုံးဒီဇိုင်းဖန်တီးခြင်း နှင့် စာလုံးများပြောင်းလဲခြင်းလိုမျိုါ် စာလုံးဒီဇိုင်းရေးဟန် လုပ်ဆောင်ချက်များကို တိုးမြှင့်ပြီး ထူးခြားကောင်းမွန်အောင်သည့် ဒီဇိုင်းများ လွတ်လပ်စွာဖန်တီးလိုက်ပါ။
  • Brother စက်များနှင့် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်သည့် လုပ်ဆောင်ချက်များ၊ အဆင်ပြေချောမွေ့သည့် software များကိုပေါင်းစပ်လိုက်ပါ။

ဘာကြောင့် Brother ကို ရွေးချယ်သင့်လဲ

ကျွန်တော်တို့ရဲ့ အဆင့်မြင့် ပန်းထိုးနည်းပညာတွေကြောင့် ကျော်ကြားတဲ့ Brother ၏ လုပ်ငန်းခွင်တန်းဝင် ပန်းထိုးစက်တွေဟာ သင်၏ဒီဇိုင်းပုံစံအနေအထားနှင့် သင့်စီးပွားရေးလုပ်ငန်းကို တဆင့်မြှင့်တိုးတက်ရန် ကူညီဖို့ အသုံးပြုသူကို လွယ်ကူစေသည့် လုပ်ဆောင်ချက်များပါဝင်သည်။

လုပ်ငန်းခွင်ကြီးများ

ကျောင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှု

စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ ဟိုတယ်များ နှင့် ကျောင်းတွေအတွက် ရင်ထိုးတံဆိပ်နှင့် လိုဂို တံဆိပ်များကို စိတ်ကြိုက်ဖန်တီးလိုက်ပါ။

Print နှင့် ပန်းထိုး ဝန်ဆောင်မှုဆိုင်များ

ပန်းထိုး ဝန်ဆောင်မှု ဆိုင်များတွင် အသေးစားလုပ်ငန်းအခွင့်အလမ်းများကို လွယ်လွယ်ကူကူ ရယူလိုက်ပါ။

အသင်းကလပ်များ နှင့် လုပ်အားပေး ဝန်ဆောင်မှုအဖွဲ့အစည်းများ

ပန်းထိုး အဝတ်အစားများနှင့် ဆက်စပ်ပစ္စည်းများ အများအပြားဝယ်ယူသည့် အားကစားပစ္စည်း ကလပ်များ၊ အပျော်တမ်းအုပ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ နှင့် အခြားနယ်ပယ်မှသူများနှင့် အလုပ်လုပ်ပါ။

အထူးအခမ်းအနားပွဲများ စီစဉ်သူများ

ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတပွဲများ၊ ဖျော်ဖြေမှုများ နှင့် ပွဲတော်တွေအတွက် ကိုယ်ပိုင် အမှတ်တရပစ္စည်းများ ထုတ်လုပ်ပါ။

ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ထံ ဖုန်းခေါ်ပါ ဒါမှမဟုတ် မက်ဆေ့ချ် ချန်ထားခဲ့ပါ။