သင့်ရဲ့လုပ်ငန်းအတွက် လွယ်ကူစွာစီမံခန့်ခွဲနိုင်မှု

BRAdmin Professional 4 သည် network ကွန်ရက်ချိတ်ဆက်ထားသော Brother စက်ပစ္စည်းများအတွက် စီမံခန့်ခွဲနိုင်သော ကိရိယာဖြစ်သည်။ ဒီဆော့ဝဲလ်သည်

  • ဗဟိုပလက်ဖောင်းပေါ်တွင် သင့်ရဲ့အဖွဲ့အစည်း သတင်းအချက်အလက်များအားလုံးကို ကြည့်ရှုနိုင်ခြင်းနှင့်
  • networkကွန်ရက် ချိတ်ဆက်ထားသောပစ္စည်းများရဲ့ အခြေအနေနဲ့လုပ်ဆောင်မှုများကိုပြသပေးခြင်း၊ မှားယွင်းသောအခြေအနေ၊ထောက်ပံ့ပေးနိုင်သောlevelကျန်ရှိမှု၊ စာရွက်အရေအတွက်နှင့်အခြားသော အချက်အလက်များကိုပြသပေးနိုင်ပါသည်။

BRAdmin Profesional 4 သည်စီးပွားရေးလုပ်ငန်းအပေါ်ဘယ်လိုအကျိုးပြုနိုင်သလဲ

Easy စက်များအားလုံးကို လွယ်ကူစွာစီမံခန့်ခွဲနိုင်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီစနစ်များကိုမြှင့်တင်ပေးနိုင်ခြင်း
Secure မိမိအဖွဲ့အစည်းအတွင်း စက်ပစ္စည်းချိန်ညှိမှုနှင့်လုပ်ဆောင်မှုများကို ပြုလုပ်ရန်လုံခြုံစွာဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ခြင်း
Reduce cost ပလက်ဖောင်းတစ်ခုထဲပေါ်အခြေခံ ထိန်းချုပ်လုပ်ဆောင်နိုင်သောကြောင့် အချိန်နဲ့လူအား လျော့ကျစေနိုင်ခြင်း
Free ကုန်ကျစရိတ်မရှိ စီမံခန့်ခွဲနိုင်သော ဆော့ဝဲလ်
Improves productivity အလိုအလျောက်လုပ်ဆောင်နိုင်သော စနစ်များကြောင့် လုပ်ငန်းစွမ်းဆောင်နိုင်စွမ်းပိုမိုတိုးတက်ခြင်း

BRAdmin Professional 4 အသုံးပြုနိုင်သော လုပ်ငန်းများ

Retail

လက်လီအရောင်းဆိုင်

စက်ပစ္စည်းချို့ယွင်းမှုများကို အလွယ်တကူစောင့်ကြည့်နိုင်ပါသည်။ အသုံးအဆောင်ပစ္စည်းများ ပစ္စည်းအစားထိုးလဲလှယ်ခြင်းများကိုကြည့်ရှုနိုင်ရုံသာမက အရောင်းဆိုင်တွင် လူကိုယ်တိုင်မရှိသော်လည်း ပစ္စည်းများကိုချိန်ညှိဆောင်ရွက်နိုင်ခြင်း။

Healthcare

ကျန်းမာရေးစောင့်ရှောက်မှု

စက်ပစ္စည်းအသုံးပြုမှုဇယားကိုထုတ်ပေးနိုင်ခြင်း နှင့် Downtime လျှော့ချရန် ပေါ်ပေါက်လာနိုင်သောပြသာနာများကို အချိန်နဲ့တပြေးညီအသိပေးအကြောင်းကြားခြင်း။မတူသော ဌာနများနဲ့ဆေးခန်းများအကြား အဆင်ပြေစွာ စနစ်မြှင့်တင်ပေးနိုင်ခြင်း။

Education

ပညာရေး

BRAdmin Professional 4 ဖြင့်စိတ်ချရသော ကာကွယ်ရေးစနစ်ကိုသုံးပြီး ကျောင်းသားကျောင်းသူများနှင့်ဝန်ထမ်းများ စာရွက်သုံးစွဲမှုကိုမှတ်သားထားနိုင်သောကြောင့် ကုန်ကျမှုစရိတ်ကိုတွက်ချက်နိုင်ခြင်း၊ထုတ်နိုင်သောစာမျက်နှာအရေအတွက်၊printer၏လုပ်ဆောင်နိုင်မှုနှင့် colour နဲ့ Print ထုတ်ခြင်းတို့ကို ကန့်သတ်ပေးနိုင်ခြင်း။

Finance

ဘဏ္ဍာရေး

Security အတွက် password အသုံးပြုပြီးဝင်ရောက်ကာ printer ချိန်ညှိမှုများလုပ်ဆောင်နိုင်ခြင်းဖြင့် အခွင့်မရှိဘဲဝင်ရောက် ဒေတာရယူခြင်း၊ စနစ်များပြင်ဆင်ခြင်းများကို ကာကွယ်ပေးနိုင်ခြင်း။

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

  • BRAdmin Professional 4 သည် အခမဲ့ရယူနိုင်ပြီး လုပ်ငန်းအတွက်စီမံခန့်ခွဲနိုင်သော စနစ်ဖြစ်သည်။

    BRAdmin ဆော့ဝဲလ်သည်

    • Brother စက်ပစ္စည်းများကိုအလွယ်တကူစောင့်ကြည့်ထားနိုင်ခြင်း
    • စက်ပစ္စည်းများအားလုံးရဲ့ စနစ်တွေကို ချိန်ညှိနိုင်ပြီး ပွားယူနိုင်ခြင်း
    • Printer အကုန်လုံးရဲ့ အချက်အလက်များကို လုံခြုံစိတ်ချစွာဝင်ရောက်ကြည့်ရှုနိုင်ခြင်း
  • BRAdmin Professional 4 သည် အသုံးဝင်သောစက်ပစ္စည်းစီမံခန့်ခွဲနိုင်သောကိရိယာဖြစ်ပြီး လုပ်ငန်းအရွယ်အစားအမျိုးမျိုး၊လုပ်ငန်းအမျိုးမျိုးတွင်အသုံးပြုနိုင်ပါသည်။ ITပိုင်းစီမံခန့်ခွဲသူကို ကုမ္ပဏီ networkကွန်ရက်အတွင်း ပလက်ဖောင်းတစ်ခုတည်းပေါ်ကနေ စက်ပစ္စည်းအားလုံးရဲ့အခြေအနေကိုပြောပြပေးနိုင်ပါသည်။
  • Brother Solution Guide ကိုအလွယ်တကူဒေါင်းလော့ရယူပြီး သင့်ရဲ့ Printer စက်အားလုံးအတွက် network IP address ထည့်ကာ အသုံးပြုနိုင်ပါသည်။ BRAdmin Professional 4 သည်သင့်ရဲ့အဖွဲ့အစည်းတွင်းက Printer စက်အကုန်လုံးကို အလိုအလျောက်ရှာဖွေသိရှိနိုင်ပါသည်။

    အချက်အလက်များပိုမိုသိရှိလိုပါက user manual guide ကို download ယူပြီးလေ့လာနိုင်ပါသည်။:

    https://support.brother.com/g/b/manuallist.aspx?c=gb&lang=en&prod=group2&type2=85&type3=10457
  • Brother ရဲ့စက်အများစုတွင် BRAdmin Professional 4 ကိုအသုံးပြုနိုင်ပါသည်။
    အောက်တွင်ဖော်ပြထားသော မော်ဒယ်များတွင်တော့ အချို့သောပြင်ဆင်မှုနှင့် လုပ်ဆောင်နိုင်မှုများကိုကန့်သတ်ထားပါသည်။

    Laser Printers: HL-1210W, DCP-1610W, MFC-1910W
    Refill Ink Tank Printers: MFC-T4500DW, MFC-T4000DW, DCP-T510W, DCP-T710DW, DCP-T810DW, MFC-T910DW
    Inkjet Printers: MFC-J2330DW, MFC-J2730DW, MFC-J3530DW, MFC-J3930DW

    • စက်ပစ္စည်းများစီမံခန့်ခွဲနှိုင်ခြင်း
    • စက်ပစ္စည်းများကိုချိန်ညှိမှုများလုပ်ဆောင်နိုင်ခြင်း
    • အသုံးပြုမှုဇယားနဲ့အချက်ပေးစနစ်များကဲ့သို့သော လုပ်ငန်းတာဝန်များအချိန်ဇယားဆွဲနိုင်ခြင်း
    • လုပ်ငန်းတာဝန်စောင့်ကြည့်ပေးနှိုင်ခြင်းနဲ့အလိုအလျောက်ရှာဖွေပေးနိုင်ခြင်း
    • လုံခြုံရေးနှင့်networkကွန်ရက်အတွက် ချိန်ညှိမှုများလုပ်ဆောင်နိုင်ခြင်း
    • စက်ပစ္စည်းများရဲ့ စနစ်အသစ်များရယူနိုင်မှု၊ စနစ်ကိုမိတ္တူပွားပူးထားနိုင်မှုနှင့်နဂိုမူလအတိုင်းပြန်လည်ထားရှိမှုများ လျင်မြန်စွာလုပ်ဆောင်နိုင်ခြင်း
    • အသုံးပြုသူတစ်ယောက်ချင်းစီအတွက် လုံခြုံရေးစနစ်များပြင်ဆင်နိုင်ခြင်းနှင့် စာရွက်printထုတ်ခြင်းများကို ကန့်သတ်ပေးနိုင်ခြင်း
    • စက်ပစ္စည်းအသစ်အတွက် စနစ်ချိန်ညှိမှုများကို လွယ်ကူစွာပုံတူကူးနိုင်ခြင်းနှင့် နဂိုမူလစနစ်များကို အချိန်မှန်သိမ်းဆည်းပေးခြင်းs
  • BRAdmin Professional 4 သည် Window OS များတွင်သာ အသုံးပြုနိုင်ပါသည်။ Window 7 နှင့်နောက်ပိုင်း Window များတွင် အကောင်းဆုံးအသုံးပြုနိုင်ပါသည်။

ကျေးဇူးပြု၍ ယခုအကွက်တွင်ဖြည့်ပါ
ကျေးဇူးပြု၍ ယခုအကွက်တွင်ဖြည့်ပါ
ကျေးဇူးပြု၍ ယခုအကွက်တွင်ဖြည့်ပါ
Please check this box if you want to proceed.
Please check this box if you want to proceed.