နောက်ဆုံးအသစ်ထွက်သည်များသို့ပြန်သွားရန်

Brother မှ Product သုံးမျိုး “Good Design Award 2020” ဆုရရှိခြင်း

2020 11 03
ကုန်ပစ္စည်းသတင်း
brother-logo

[Myanmar, 28 October 2020] – ကျွန်တော်တို့ Brother Myanmar ရဲ့ပင်မကုမ္ပဏီဖြစ်သည့် ကမ္ဘာ့ဈေးကွက်တွင် Laser နှင့် Inkjet printing device များကိုအဓိကထုတ်လုပ်နေသော Brother Industries, Ltd. သည် ဂျပန်ဒီဇိုင်းဆုဖြစ်သည့် “Good Design Award 2020”(hereinafter Good Design Award) ကို နောက်ဆုံးထုတ် Product သုံးမျိုးဖြင့်ရရှိခဲ့ပါသည်။

Brother သည် ယခုနှစ်ထုတ် Product သုံးမျိုး အပါအဝင် Good Design Awards ဆုပေါင်း ၂၁၄ ဆု ရရှိထားပြီး ၁၉၆၀ ခုနှစ်တွင် အိမ်သုံးအပ်ချုပ်စက်ဖြင့် ပထမဆုံးဆုကိုရရှိခဲ့ပါသည်။ ၁၉၉၃ ခုနှစ်ကစပြီး ၂၈ နှစ်ဆက်တိုက် Brother ကဒီဆုကိုရရှိခဲ့ခြင်းဖြစ်ပါသည်။

The Good Design Award ဆုသည် ထူးခြားဆန်းသစ်သော ပစ္စည်းပုံစံနှင့်လုပ်ဆောင်နိုင်စွမ်းကိုသာ အသိအမှတ်ပြုပေးအပ်ခြင်းမဟုတ်ဘဲ ဝယ်ယူသုံးစွဲသူများနှင့်လူမှုအဖွဲ့အစည်း အတွက် ကောင်းမွန်သောအရည်အသွေး ပေးနိုင်မှုအပေါ်တွင်လည်း ရွေးချယ်ခြင်းဖြစ်သည်ဟု Brother မှ Aaron Wan, Regional Marketing Manager ကပြောကြားခဲ့သည်။ယခုဆုသည် ပစ္စည်းထုတ်ကုန်နှင့်ဝန်ဆောင်မှုတွင် ပါဝင်သူအားလုံး၏ စုပေါင်းအားထုတ်မှုကိုလည်း အသိအမှတ်ပြုခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် Good Design Awards တွင် Brother မှရရှိသောဆုတစ်ခုဖြစ်သည့် P-TOUCH CUBE PT-P910BT label maker သည် စီစစ်ရေးအဖွဲ့မှအကဲဖြတ်ပြီး ထုတ်ကုန်နှင့်ဝန်ဆောင်မှု ပစ္စည်း ၁၀၀ ကိုပေးအပ်သည့် Good Design Best 100 award ထဲမှဆုတစ်ဆုကိုရရှိခဲ့ခြင်းဖြစ်ပါသည်။ Good Design Best 100 award ဆုရရှိထားသူများသည် Gold Award ဆု , Special Award ဆုများ နှင့် အမြင့်ဆုံးဆုဖြစ်သည့် Good Design Grand Award ဆု ရွေးချယ်ခံရဖို့အတွက်လျာထားခံထားရသူများဖြစ်သည်။

Brother သည် Product များကို ‘At your side’ ဆောင်ပုဒ်နှင့်အညီ customer များအတွက်အဓိကဦးစားပေး ဒီဇိုင်းဆွဲထုတ်လုပ်ထားပါသည်။Customer များနှင့်ရှယ်ယာရှင်များထံမှ တုံ့ပြန်ချက်အကြံဉာဏ်များဖြင့် အကောင်းဆုံးအရည်အသွေးကိုပေးဆောင်နိုင်အောင် အဓိကအာရုံစိုက်ပြီး ရှေ့ဆက်တိုးတက်အောင်လုပ်ဆောင်နေပါသည်။

Good Design Awards အကြောင်း

Good Design Awards

Good Design Award ဆုသည် ၁၉၅၇ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ၌ တစ်ခုတည်း‌သော ပြည့်စုံကောင်းမွန်သည့်ဒီဇိုင်းများနှင့်ဆက်သွယ်ရေးစနစ်ကို အကဲဖြတ်ပြီး ဂုဏ်ပြုချီးမြှင့်သည့်ဆုဖြစ်ပါသည်။ ဂျပန်နိုင်ငံနှင့်ပြင်ပနိုင်ငံရှိ ကုမ္ပဏီများနှင့်ဒီဇိုင်နာများသည် ဒီဇိုင်းဖြင့်စက်မှုလုပ်ငန်းနှင့် ပိုမိုကောင်းမွန်သောဘဝကိုမြှင့်တင်နိုင်ရန် ပါဝင်ကြပါသည်။ ဆုရဲ့သင်္ကတဖြစ်သော ‘G အမှတ်တံဆိပ်’ သည် ကောင်းမွန်သောဒီဇိုင်းအမှတ်အသားအဖြစ် အများအသိအမှတ်ပြုခံထားရပါသည်။ Good Design Award အကြောင်းပိုမိုသိရှိလိုပါက http://www.g-mark.org/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

Good Design Award 2020 တွင်ဆုရသော Brother product များ

Mobile Scanner

Contact

Aaron Wan
Regional Marketing Manager
Brother International Singapore Pte Ltd.
+65 6428 0717
aaron.wan@brother.com.sg